BREAKING NEWS

ယခုနှစ် ပြည်ပသို့ သကြားတင်ပို့နိုင်တော့မည်မဟုတ်

ရန်ကုန်၊ ဇွန် ၂၀
ယခုနှစ်အတွက် ပြည်တွင်းမှာ Refined Sugar ထုတ်လုပ်တဲ့ စက်ရုံမှာ (၂) ရုံသာ ရှိတဲ့အတွက် ပြည်တွင်းစားသုံးမှုအတွက်သာ လုံလောက်ရုံရှိပြီး ပြည်ပသို့ တင်ပို့နိုင်တော့မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ သကြားထုတ်လုပ်တဲ့ စက်ရုံပေါင်း (၂၃) ရုံခန့်ရှိပေမယ့် စက်ရုံ (၂) ရုံသာ Refine Suger ထုတ်လုပ်နိုင်ကြောင်း အဆိုပါအသင်း ဥက္ကဌဖြစ်သူ ဦးဝင်းဌေးက AMIA တောင်သူ့အသံသို့ ပြောဆိုထားတာကို တွေ့ရပါတယ်။‌ ” Refined Sugar ထုတ်နိုင်တာက ကန့်ဘလူ သကြားစက်နဲ့ နဝဒေးသကြားစက် ၂ စက်ရုံပဲ ရှိတယ်။ သူတို့ ထုတ်လုပ်အားကလည်း ပြည်တွင်းလိုအပ်ချက် ပြည့်ရုံလောက်ပဲရှိတယ် ” လို့ ၎င်းက ဆိုပါတယ်။
ပြည်တွင်းမှာ Refined Sugar ထုတ်လုပ်မှုနည်းပါးသော်လည်း ပြည်ပမှ ကမ်းလှမ်းမှုများအဖြစ် ဧပြီလကုန်ပိုင်းမှာ သိရီလင်္ကာနိုင်ငံမှ သကြားအပါအဝင် မြန်မာနိုင်ငံရှိ အခြေခံစားကုန် ၁၀ မျိုးအား ဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးပြီး မလေးရှားနိုင်ငံရှိ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုမှလည်း မြန်မာနိုင်ငံမှ ဆန်နဲ့ သကြားကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှု ရှိခဲ့ဖူးကြောင်း သိရှိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *