BREAKING NEWS

နိုင်ငံတော် အရန်ရိက္ခာဆန် တန်ချိန် (၃၉,၀၀၀) ကျော် ဝယ်ယူလက်ခံထားပြီးဖြစ်

ရန်ကုန်၊ ဇွန် ၁၈
နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး ယခုနှစ် ဧပြီလ (၃၀) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ဇွန်လ (၁၂) ရက်နေ့အထိ ရန်ကုန်မြို့တွင် ဆန်တန်ချိန် (၃၅,၀၀၀)၊ မန္တလေးမြို့တွင် ဆန်တန်ချိန် (၃,၀၀၀)၊ နေပြည်တော်တွင် ဆန်တန်ချိန် (၁,၀၀၀) စုစုပေါင်း တန်ချိန် (၃၉,၀၀၀) ကျော် ဝယ်ယူလက်ခံရရှိပြီးဖြစ်ကြောင်း သိရပါတယ်။
အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေး စစ်ဆေးလက်ခံထားမှုနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေကြောင်းကို အရေးပေါ်ရိက္ခာ ဆန်ဝယ်ယူရေး ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး အောင်ထူးက “ နိုင်ငံတော်ရဲ့ အရေးပေါ် အရန်ဆန်ကို ဖြည်းဖြည်းချင်း ဝယ်ယူနေတယ်။ သတ်မှတ်ချက်နဲ့ အ ညီ ဝယ်ယူနေသလို တစ်ဖက်မှာလည်း သိုလှောင်မှု စနစ်ကျစေဖို့ ဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက် နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိ COVID-19 ကပ်ရောဂါကြောင့် အစိုးရမှ လွှဲပြောင်းသုံးငွေ ကျပ် ဘီလီယံ (၁,၇၀၀) ထဲမှ ကျပ် (၃၈) ဘီလီယံကို ဆန်တန်ချိန် (၅၀,၀၀၀) နဲ့ ဆီတန်ချိန် (၁၂,၀၀၀) ခန့် ဝယ်ယူသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
Ref: MRF, စီးပွားကူးသန်း / Photo: MRF





Leave a Reply

Your email address will not be published. Required fields are marked *