BREAKING NEWS

စိုက်မွေးဌာနမှ ဖြေလျော့ပေးမှုများအပြီး ကျွဲ၊ နွားဈေးနှုန်း အနည်းငယ်မြင့်တက်လာ

ရန်ကုန်၊ ဇွန် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျွဲ၊ နွားများကို ထောက်ခံချက်လက်မှတ်ဖြင့် သယ်ဆောင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ကျွဲ၊ နွားဈေး အနည်းငယ် မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ကျွဲ၊ နွား ကုန်သည်တစ်ဦးက ဆိုပါတယ်။
ယခုလ ၂ ရက်နေ့မှ စတင်ပြီး တောင်သူတစ်ဦးအနေဖြင့် နှစ်ကောင်ထက် မပိုတဲ့ နို့စား ကျွဲ၊ နွားနဲ့ အသားစား ကျွဲ၊ နွားများကို မည်သည့်နေရာ ဒေသကမဆို သယ်ဆောင်ပါက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ မွေးမြူရန် သို့မဟုတ် လယ်ယာလုပ်ငန်းတွင် အမှန်တကယ် လိုအပ်ချက်ရှိကြောင်း ထောက်ခံချက် မူရင်းနဲ့ တိရိစ္ဆာန် ကျန်းမာရေး ထောက်ခံချက်ဖြင့် သယ်ယူခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သယ်ယူခွင့်နဲ့ စပ်လျဉ်းပြီး ကျွဲ၊ နွားကုန်သည် ဦးစိုးမြင့်က “ကျွဲ၊ နွား သယ်ယူခွင့် ဖြေလျော့လိုက်တဲ့အတွက် တောင်သူတွေ သယ်ရတာ လွယ်ကူသွားတယ်။ ဒါကြောင့် ဒီရက်ပိုင်း အနည်းငယ် ဈေးနှုန်းမြင့်တက်လာခဲ့တယ်။ တောင်သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့” လို့ AMIA သို့ ပြောဆိုပါတယ်။
ယခုလို သယ်ယူခွင့်များ ဖြေလျော့ပြီး နောက်ပိုင်းမှာတော့ ကျွဲ၊ နွား တစ်ကောင်ကို တစ်သိန်းခွဲကျပ်အထိ ဈေးမြင့်တက်လာခဲ့ပြီး အရောင်းအဝယ်မှာလည်း အနည်းငယ် သွက်လာခဲ့တယ်လို့ သိရှိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *