BREAKING NEWS

မန်းဈေးကွက်အတွင်း ပြောင်းဖူးစေ့ဈေးနှုန်း အနည်းငယ်တက်လာ

မန္တလေး၊ ဇွန် ၁၆
ယခုရက်ပိုင်းအတွင်း ပြည်တွင်းကြက်စာသမားများ ဝယ်ယူမှု ပြန်လည်များပြားလာတဲ့အပြင် ထိုင်းနိုင်ငံသို့လည်း တင်ပို့မှုတွေ ရှိလာတဲ့အတွက် မန္တလေးကုန်စည်ဒိုင်ဈေးကွက်အတွင်း ပြောင်းဖူးစေ့ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ် မြင့်တက်လာတယ်လို့ သိရပါတယ်။
ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခင်လက ၂၃,၅၀၀ ကျပ်သာ ရှိရာမှ ယခုလမှာ ၂၇,၅၀၀ ကျပ်မှ ၂၈,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက် ကျပ် ၃,၅၀၀ မှ ၄,၀၀၀ ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်ပါတယ်။
စီပီပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ယခင်လက ၂၃,၀၀၀ – ၂၃,၅၀၀ ကျပ်မှ ယခုလမှာတော့ ၂၈,၀၀၀ မှ ၂၈,၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ ယခင်လဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကျပ် ၅,၀၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင်မှာ စုံစမ်းသိရှိရပါတယ်။
Ref: commerce / Photo: doca.gov





Leave a Reply

Your email address will not be published. Required fields are marked *