BREAKING NEWS

မုံရွာကုန်စည်ဒိုင်တွင် ပဲတီစိမ်း ဈေးကျ၊ ကုလားပဲ ဈေးမြင့်လာ

ရန်ကုန်၊ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း ပဲတီစိမ်းဈေးမှာ ကျပ် ၁,၀၀၀ မှ ၂,၅၀၀ အထိ ကျဆင်းနေပြီး ကုလားပဲဈေး အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။
မေလကုန်-ဇွန်လဆန်းက ပဲတီစိမ်း(ကြီး) တစ်တင်းကို ငွေကျပ် ၃၇,၀၀၀၊ (သေး) တစ်တင်းကို ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိခဲ့ရာမှ ဒုတိယအပတ်မှာ ပဲတီစိမ်း(ကြီး) တစ်တင်းကို ၃၄,၅၀၀ ကျပ်၊ (သေး) တစ်တင်းကို ၃၁,၀၀၀ ကျပ်အထိ ကျဆင်းလာတာကိုတွေ့ရပါတယ်။ ဈေးနှုန်းကျဆင်းပေမယ့် အဝင်ရှိသလောက် ရန်ကုန်ဝယ်လက်မှ ဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကုလားပဲမှာတော့ V2 တစ်တင်းကို ၂၄,၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၂၃,၅၀၀ ကျပ်၊ 929 တစ်တင်း ၂၄,၅၀၀ ကျပ်၊ V3 V7 ၂၃,၈၀၀ ကျပ်နှုန်းပေါက်ပြီး ဈေးနှုန်း အနည်းငယ်တက်လာပါတယ်။
Ref: commerce





Leave a Reply

Your email address will not be published. Required fields are marked *