BREAKING NEWS

ညောင်ဦးမြို့နယ်ရှိ နေကြာခင်းများတွင် ငှက်အုပ်ကျခြင်းကြောင့် တောင်သူတွေ အခက်အခဲကြုံနေ

ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ လက်ပံခြေပေါ်အုပ်စု၊ အထက်ညဥ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စု တို့မှာ စိုက်ပျိုးထားတဲ့ နေကြာခင်းတွေထဲကို စာကလေးအုပ်နဲ့ ကြက်တူရွေးတွေ ဝင်ရောက်စားသောက်တဲ့အတွက် နေကြာပွင့်ခူးဆွတ်ချိန်မှာ အစေ့မပါတော့ဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စရိတ်ကစအနေနဲ့ နေကြာကြဲပက်စိုက်ပျိုးစဉ်က ဆီနေကြာစပ်မျိုးတစ်ထုပ်ကို ၁၅,၀၀၀ ကျပ်ပေးဝယ်ကာ စိုက်ပျိုးခဲ့ရပြီး၊ နေကြာပင်များ အောင်မြင်ဖြစ်ထွန်းစ အချိန်မှာ အလုပ်သမားတစ်ဦး တစ်နေကုန် ၃,၀၀၀ ကျပ်နှုန်းဖြင့် ပေါင်းသင်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ နေကြာခင်းမှ အစေ့အဆန် စတင်တည်ချိန်ကနေစပြီး တဖြည်းဖြည်း ရင့်လာချိန်အထိ စာကလေးနဲ့ ကြက်တူရွေးတွေ ကျရောက်ခဲ့တဲ့အတွက် စာခြောက်ရုပ်တွေ ပြုလုပ်ကာ ခြောက်လှန့်ခဲ့ပေမယ့် နေကြာခူးဆွတ်ချိန်မှာ အပွင့်သေးပြီး ငုံခြင်းနဲ့ အစေ့အနည်းငယ်သာ ပါခြင်းတို့ ဖြစ်ခဲ့တဲ့အတွက် တောင်သူတွေ များပြား စိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။
နေကြာကို တန်ခူးလဝန်းကျင်မှာ စတင်ကြဲပက်စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ ကျော်မှာ ခူးဆွတ်လေ့ ရှိပါတယ်။ ယခုနှစ်မှာ နေကြခင်းတွေ အောင်မြင်ဖြစ်ထွန်းပေမယ့် ငှက်မနိုင်တဲ့အတွက် မျိုးပင်လည်း မရှိကြောင်း ဒေသခံတောင်သူတွေက ဆိုပါတယ်။
Source: MOI





Leave a Reply

Your email address will not be published. Required fields are marked *