BREAKING NEWS

မြန်မာ့ပဲတီစိမ်းကို တရုတ်ကုမ္ပဏီတစ်ခုမှ ဝယ်ယူရန် ‌ဆေးနွေးလာ

ရန်ကုန်၊ ဇွန် ၁၀
မြန်မာနိုင်ငံထွက် ပဲတီစိမ်းကို တရုတ်နိုင်ငံ၊ ကွမ်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Guangxi Sheng WeiDa International Trading ကုမ္ပဏီမှ တရုတ်နိုင်ငံမှာ စားသုံးလေ့ရှိတဲ့ ပဲ (၈) မျိုးနဲ့ ဆန်တို့ ရောစပ်ပါဝင်တဲ့ အာဟာရဆန်ပြုတ်ပုံစံ ကုန်ပစ္စည်းထုတ်လုပ်ဖို့ ဝယ်ယူရန် ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။
ဒီအတွက် ရောင်းချလိုတဲ့ ကုန်သည်တွေနဲ့ အသင်းအဖွဲ့တွေအနေနဲ့ ရောင်းချလိုတဲ့ ပဲတီစိမ်းနမူနာတွေကို တရုတ်မှာရှိတဲ့ မြန်မာကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးကို ဆက်သွယ်ကာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ ပဲတီစိမ်းတင်သွင်းရာမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနည်းလမ်းနဲ့အညီ လိုအပ်တဲ့စာရွက်စာတမ်းတွေကို တင်ပြဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ပဲတီစိမ်း တင်ပို့ရောင်းချလိုသူ လုပ်ငန်းများ၊ အသင်းအဖွဲ့များ အနေဖြင့် မိမိတို့ ရောင်းချနိုင်တဲ့ ပဲတီစိမ်းအရည်အသွေး၊ ဈေးနှုန်း၊ မိမိတို့လုပ်ငန်း/အသင်းအဖွဲ့ရဲ့ အချက်အလက်နဲ့ ထပ်မံမေးမြန်း စုံစမ်းလာမှုများကို ပြန်လည်ဖြေကြားနိုင်မယ့် ဆက်သွယ်ရန် ပုဂ္ဂိုလ်အမည်၊ ဖုန်းနံပတ်နဲ့ အီးမေးလ်တွေကို economicattachenanning@ outlook.com နဲ့ conomicattta chena nning@gmail.com သို့ ပေးပို့နိုင်မှာ ဖြစ်သလို မြန်မာကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၊ အမှတ်(၈) ဇူကျင်းလမ်း၊ နန်နင်း၊ ကွမ်းရှီး၊ တရုတ်နိုင်ငံ (Myanmar Trade Representative Office, No. 8, Zhujin Road, Nanning, Guangxi, China, PC 530029) သို့ ပေးပို့နိုင်တယ်လို့ သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *