BREAKING NEWS

မြစ်ဝကျွန်းပေါ်ထွက် ငရုတ် ဈေးထက်ဝက်နီးပါး ကျဆင်းနေ

ရန်ကုန်၊ ဇွန် ၉
ယခုနှစ် စိုက်ပျိုးရာသီထွက် ငရုတ်စိမ်းမှာ ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိတဲ့အတွက် ရန်ကုန်ဈေးကွက်ရှိ ကုန်သည်များမှ ဝယ်ယူသိုလှောင်မှုများ ရှိနေသော်လည်း ဈေးနှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပြည်တွင်းစိုက် အိန္ဒိယမျိုးငရုတ်ရှည် လက်ကား တစ်ပိဿာ ငွေကျပ်၂,၇၀၀၊ ရွှေလောင်း-အိမ်မဲ-ပန်းတနော် ငရုတ်ရှည်လက်ကား တစ်ပိဿာ ငွေကျပ်၂,၄၀၀-၂,၅၀၀၊ ဝါးခယ်မ ငရုတ်ရှည် ငွေကျပ် ၂,၅၅၀ နှုန်းရှိနေပြီး လေးအိမ်စု မိုးထောင်လက်ကား တစ်ပိဿာ ငွေကျပ် ၃,၁၀၀၊ ရေလဲ မိုးထောင် ငွေကျပ် ၂,၉၅၀၊ ဒီမိုမိုးထောင် ငွေကျပ်၂,၉၅၀ နှုန်း ရှိနေသည်။
မြစ်ဝကျွန်းပေါ် ငရုတ်ပွလက်ကား တစ်ပိဿာ ငွေကျပ် ၄,၂၀၀-၄,၇၀၀၊ မြစ်ဝကျွန်းပေါ် စကငရုတ်ပွ ငွေကျပ် ၃,၀၀၀-၃,၃၀၀၊ ဆင်ဖြူကျွန်းငရုတ်ပွ ငွေကျပ် ၅,၅၀၀-၆,၀၀၀ နှုန်းရှိနေကြောင်း စိန်ပန်းလမ်း ငရုတ်မန်ကျည်းပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဦးလှဟန်က MOI သို့ ပြောဆိုထားပါတယ်။
ယမန်နှစ် နှစ်လယ်ပိုင်းမှာတော့ ငရုတ်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး နှစ်ကုန်ဝန်းကျင်မှာ အိန္ဒိယငရုတ်ရှည် လက်ကားတစ်ပိဿာ ငွေကျပ် ၆,၇၀၀၊ အိန္ဒိယ မိုးထောင် ငွေကျပ်၇,၀၀၀ ၊ ပြည်တွင်းမိုးထောင် ငွေကျပ် ၅,၆၀၀၊ ရှမ်းငရုတ်ရှည် ငွေကျပ် ၄,၈၀၀၊ စကငရုတ်ပွလက်ကားတစ်ပိဿာ ငွေကျပ် ၄,၈၀၀ နှုန်းအထိ ရှိခဲ့တဲ့အတွက် ငရုတ်လှောင်သမား အများစု အကျိုးအမြတ် ရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *