BREAKING NEWS

ငရုတ်အစိုကို တရုတ်သို့တင်ပို့ရန် ခက်ခဲနေတဲ့အတွက် ထိုင်းသို့သာ အစားထိုး တင်ပို့နေရ

ရန်ကုန်၊ ဇွန် ၈
လတ်တလောဖြစ်ပွားနေတဲ့ ကူးစက်မြန်ရောဂါကြောင့် တရုတ်နိုင်ငံမှ ကုန်အဝင်အထွက် တင်းကြပ်ထားတဲ့အတွက် ငရုတ်အစိုတင်ပို့ရာမှာ လမ်းကြောင်းခက်ခဲလျက် ရှိနေပြီး ထိုင်းနိုင်ငံသို့သာ ဦးစားပေး တင်ပို့နေရတယ်လို့ သိရပါတယ်။
ယမန်နှစ် တရုတ်သို့ တင်ပို့စဉ်က တစ်ပိဿာကို ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ဝန်းကျင် ရတဲ့အတွက် ဈေးကောင်းဖြင့် ရောင်းချရနေပြီး ယခုနှစ် ထိုင်းသို့ တင်ပို့ရာတွင်မူ ၅ ပိဿာခြင်း တစ်ခြင်းမှ ၁၂,၀၀၀ ကျပ်သာ ရရှိနေတဲ့အတွက် ဈေးအင်မတန် နည်းပါးစွာ ရရှိနေကြောင်း စားဖို‌ဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။
“ဒါပေမယ့် တောင်သူတွေအတွက်တော့ အဆင်ပြေတယ်” လို့လည်း ယင်းအသင်းဥက္ကဌ ဦးဇော်မျိုးဦးက AMIA သို့ ပြောဆိုထားပါတယ်။
ငရုတ်အစိုမှာ ယခုမှ စတင်ပေါ်ထွက်ကာစ ဖြစ်တဲ့အတွက် လာမယ့်ဈေးကွက်အခြေအနေမှာတော့ ပိုမိုကောင်းလာမယ်လို့ ယူဆထားကြပါတယ်။ ကုန်သည်အချို့မှာ ငရုတ်အစိုကို ထိုင်းနိုင်ငံအပြင် မလေးရှားနိုင်ငံသို့လည်း စမ်းသပ်တင်ပို့မှုတွေ ပြုလုပ်နေကြပြီလို့ သိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *