BREAKING NEWS

ဆည်ရေရရှိမှုနည်းပါးတဲ့ဒေသများအတွက် ပဲတီစိမ်းနဲ့ နှမ်းသီးနှံမျိုးသစ်များ ရှာဖွေဖော်ထုတ်နေ

ရန်ကုန်၊ ဇွန် ၆
ဆည်ရေရရှိမှု နည်းပါးတဲ့ဒေသတွေမှာ စိုက်ပျိုးနိုင်ဖို့အတွက် ရေအနည်းလို သီးနှံတွေဖြစ်တဲ့ ပဲတီစိမ်းနဲ့ နှမ်းသီးနှံမျိုးတွေကို စမ်းသပ်လုပ်ကိုင်နေပြီး များမကြာမီကာလအတွင်းမှာ အရည်အသွေးကောင်းမွန်ပြီး တောင်သူတွေ ကြိုက်နှစ်သက်မယ့် ပဲတီစိမ်းနဲ့ နှမ်းနက်မျိုးတွေကို မျိုးသစ်အဖြစ် ထုတ်ဝေနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစမ်းသပ်မှုကို စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (ADSP Project) အစီအစဉ်ဖြင့် မြောက်ယမား၊ လာလဲနတ်တောင်၊ ဆင်သေနဲ့ ငလိုက်ဆည်ရေသောက် ဒေသတွေမှာ မိုးကြိုရာသီ ပဲတီစိမ်းနဲ့ နှမ်းသီးနှံမျိုး ယှဉ်ပြိုင်စမ်းသပ်နေပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနဲ့ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါသုတေသနကို ဒေသနဲ့ကိုက်ညီပြီး အလားအလာကောင်းတဲ့ ပဲတီစိမ်း (၃) မျိုးကို ထုတ်ဝေပြီးမျိုးနဲ့ နှိုင်းယှဉ်စိုက်ပျိုးခြင်း၊ အလားအလာကောင်းတဲ့ နှမ်းနက်မျိုး (၃) မျိုးကို ထုတ်ဝေပြီး နှမ်းနက်မျိုးများဖြင့် နှိုင်းယှဉ်စိုက်ပျိုးခြင်းတွေပြုလုပ်ပြီး စမ်းသပ်စိုက်ပျိုးနေတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (ရေဆင်း) မှ သိရှိရပါတယ်။
Source: MOI





Leave a Reply

Your email address will not be published. Required fields are marked *