BREAKING NEWS

အင်ဥပေါ်ဦးစတွင် ကုန်သည်များ ချိတ်ဆက်ဝယ်ယူမှု နည်းပါးနေသောကြောင်း ယမန်နှစ်ထက် ဈေးများစွာလျော့ကာ ရောင်းချနေရာ

ရန်ကုန်၊ ဇွန် ၎
ရှမ်းပြည်နယ်မှာ ယခုနှစ် အင်ဥများ စတင်ထွက်ရှိ တူးဖော်လျက်ရှိနေသော်လည်း ကုန်စိမ်းကုန်သည်များမှ ချိတ်ဆက်ဝယ်ယူမှု မရှိတဲ့အတွက် အမြင့်ဆုံးဈေးအနေနဲ့ တစ်ပိဿာကို တစ်သောင်းစွန်းစွန်းသာ ရရှိနေကြောင်း တောင်သူများထံမှ သိရပါတယ်။
ယခုနှစ်မှာ အင်ဥအထွက်လည်းနည်းသလို အရောင်းအဝယ်လည်း ပုံမှန်မရှိကြောင်းနဲ့ ယခင်နှစ် ကာလတူက တစ်ပိဿာကို ၁၅,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်အတွင်း ရရှိခဲ့ရာမှ ယခုနှစ်မှာမူ တစ်သောင်းစွန်းဝန်းကျင်ဖြင့် လျော့နည်းကာ ရရှိနေကြောင်း တောင်သူ ဦးစိုင်းအောင်ဝင်းက AMIA သို့ ပြောဆိုထားတာကို တွေ့ရပါတယ်။
“အင်ဥပေါ်ခါစက တစ်ပိဿာကို ၂၅,၀၀၀ ကျပ် ရှိခဲ့တယ်။ အခု တစ်ပိဿာကို ၁၁,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်အထိပဲ ရောင်းချနေရတယ်။ အထက်မြန်မာပြည်ဘက်က ကုန်သည်တွေကလည်း ကားတင်စရိတ် တွက်ချေမကိုက်လို့ လာမတင်တာလို့ပြောတယ်။ ဒါကြောင့် ဒေသတွင်းနဲ့ နီးစပ်ရာ မြို့နယ်လောက်ပဲ သွားတာဆိုတော့ ဈေးလည်း မကောင်းဘူး” လို့ အောင်ပန်းမြို့နယ်မှ တောင်သူ ဦးခင်မောင်စိုးက ဆိုပါတယ်။
အင်ဥမှာ သဘာဝသစ်ဥ၊ သစ်ဖုမျိုးဖြစ်တဲ့အတွက် တစ်နှစ်လျင် တစ်ကြိမ်သာထွက်ရှိပြီး အင်တောတွေမှာ တနိုင်တပိုင် စိုက်ပျိုးမှုတွေလည်း ရှိပါတယ်။ လက်ရှိကာလမှ မဘိမ်း၊ မိုးမိတ်၊ ကသာ၊ လွိုင်ကော်နဲ့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်း စတဲ့မြို့နယ်တွေက ထွက်ရှိပါတယ်။
Ref:AMIA





Leave a Reply

Your email address will not be published. Required fields are marked *