BREAKING NEWS

မြင်းမူမြို့နယ်တွင် ဝါစိုက်ဧက ၁၉,၀၀၀ ကျော် စိုက်ပျိုးသွားမည်

ရန်ကုန်၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာ ယခုနှစ် ဝါစိုက်ရာသီအတွင်း ဝါမျိုးစုံကို ဧက ၁၉,၀၀၀ ကျော် စိုက်ပျိုးသွားမှာဖြစ်ကြောင်း မြင်းမူမြို့နယ်ရှိ ဝါစိုက်တောင်သူကွန်ရက်ဝင် ဦးစိုးဝင်းက ဆိုပါတယ်။
“ဒီနှစ်အတွက် စိုက်ပျိုးဧက တိုးလာလိမ့်မယ်။ မနှစ်က ဝါအထွက်နှုန်း ကောင်းတာရယ်၊ ဈေးအသင့်အတင့် ရ တာကြောင့် စိုက်ဖို့ စိတ်ဝင်စားလာကြတယ်” လို့ ၎င်းက AMIA သို့ ပြောဆိုခဲ့ပါတယ်။
ဝါဈေးကွက်အတွင်း ပွဲစားတွေ ချိတ်ဆက်ဝယ်ယူဖို့ ဈေးကွက်ရှိလာတဲ့အတွက် စိုက်ရင်အဆင်ပြေမယ့် နှစ်လို့ တောင်သူတွေက ယူဆထားကြောင်း ဦးစိုးဝင်းက ဆိုပါတယ်။ ကုန်ကျစားရိတ်အနေနဲ့ ဝါတစ်ဧကကို ကျပ်သိန်းတစ်ဝန်းကျင်ခန့် ကုန်ကျလေ့ ရှိပြီး ဝါကောက်လုပ်သားတွေအတွက် တစ်ရက်လျှင် နေ့စားခ ၄,၀၀၀ ခန့် ပေးရတယ်လို့ သိရပါတယ်။
မြင်းမူမြို့နယ်အတွင်း ဒေသခံတောင်သူတွေအနေနဲ့ ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ ဝါကြီး၊ မလှိုင် ၅/၆ ဝါနဲ့ ချည်မျှည်ရှည်ဝါတို့ကို မိုးကြို၊ မိုးကာလတွေမှာ စိုက်ပျိုးလေ့ ရှိကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးမှာ ဝါစိုက်ဧကပေါင်း ၈၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *