BREAKING NEWS

နာဂဒေဂရှိ ဒုံဟီးမြို့တွင် ငမြှောင်တောင်ပိုးကျသဖြင့် ပြောင်းစိုက်ဧက ၃၀၀ နီးပါးထိခိုက်

ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးမြို့မှာ ယခုနှစ်မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ဧက ၆၈၄ ဧက စိုက်ပျိုးခဲ့ရာမှာ ငမြှောင်တောင်ပိုးကျရောက်တဲ့အတွက် စိုက်ဧက ၃၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
နန်းယွန်းမြို့နယ်အတွင်းရှိ ယောင်ကွန်ကျေးရွာမှာ ၁၀၈ ဧက၊ ကျားဝမ်းကျေးရွာမှာ ၉၀ ဧကနဲ့ ရှိတ်ညိုကျေးရွာမှာ ၈၀ ဧက၊ စုစုပေါင်း ၂၇၈ ဧက ထိခိုက်ခဲ့ရကြောင်း နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်က ဆိုပါတယ်။
နန်းယွန်းမြို့နယ်မှာ ဒေသအခြေအနေရ သွားလာရ ခက်ခဲတဲ့အပြင် တောင်သူတွေထံမှာလည်း ပိုးမွှားနှိမ်နှင်းနိုင်ရန် လိုအပ်တဲ့ ပစ္စည်းတွေ မရှိတဲ့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှပဲ ပိုးသတ်ဆေးတွေ ဝယ်ယူကာ နှိမ်နင်းပေးခဲ့ကြောင်းနဲ့ ဆေးဖျန်းပုံးနဲ့ ပိုးသတ်ဆေးတွေကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ အလွယ်တကူရရှိတဲ့ မီးဖိုပြာဖြင့် ခေါင်ညွန့်အတွင်း ဖြူးချခြင်း၊ မိသားစုလုပ်အားဖြင့် ပိုးကောင် ကောက်ယူနှိမ်နင်းခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ပါ ပညာပေးခဲ့ကြောင်း ဦးမျိုးမြင့်က‌ ပြောဆိုပါတယ်။
Source: MOI





Leave a Reply

Your email address will not be published. Required fields are marked *