BREAKING NEWS

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆင်ဖြူကျွန်းအာလူး တစ်ရက်လျှင် ပိဿာချိန် တစ်သိန်းခွဲကျော် ဝင်လျက်ရှိ

ရန်ကုန်၊ မေ ၂၃

အနံ့အရသာကောင်းပြီး အသားမာကာ တာရှည်ခံတဲ့အတွက် လူကြိုက်များလှတဲ့ စလင်းမြို့နယ်ထွက် ဆင်ဖြူကျွန်းအာလူးမှာ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ပိဿာချိန် ၁၆၀,၀၀၀ ကျော် ဝင်ရောက်လျက် ရှိနေပြီး ဈေးနှုန်းမြင့်လျက်ရှိနေကြောင်း AMIA တောင်သူ့ရုပ်သံက သတင်းဖော်ပြထားပါတယ်။
“ဆင်ဖြူကျွန်းအာလူးဈေးက အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၁၀၀ လောက် ဈေးတက်နေတယ်။ ကုန်အဝင်များသလို ဖြန့်ဖြူးရောင်းချဖို့လည်း အဝယ်များတယ်။ တစ်နေ့ ကားစီးရေ ၃၀ ကျော်ဝင်တယ်။ အရင်နဲ့ ယှဉ်ရင်တော့ ပိဿာချိန် တစ်သောင်းကျော်လောက် ပိုဝင်တယ်” လို့ မကွေး-ရန်ကုန် အာလူးကုန်သည် ဦးရဲဝင်းက AMIA သို့ ပြောပါတယ်။
လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ဆင်ဖြူကျွန်းဆွဲ တစ်ပိဿာကို အရွယ်အစား အသေးအကြီးပေါ် မူတည်ပြီး ငွေကျပ် ၃၅၀ မှ ၅၀၀ ကျပ်အကြား ရှိနေပါတယ်။ အာလူး A1 မှာ တစ်ပိဿာကို ၅၅၀ ကျပ်ရှိနေပြီး၊ အာလူး Ok တစ်ပိဿာကို ၇၅၀ ကျပ်၊ အာလူး S1 နဲ့ S2 တို့မှာ တစ်ပိဿာကို ၈၀၀ ကျပ် ဈေးရှိနေပါတယ်။ အာလူး S1 နဲ့ A1 မှာ တစ်ပိဿာကို ၁၀၀ ကျပ်ခန့် ဈေးတက်လာပြီး အာလူး Ok မှ တစ်ပိဿာကို ၁၅၀ ကျပ်ခန့် ဈေးတက်လာတယ်လို့ ကုန်သည်များထံမှ သိရပါတယ်။
Ref: AMIA / Photo: NDTV





Leave a Reply

Your email address will not be published. Required fields are marked *