BREAKING NEWS

အင်းလေကန်ဒေသရှိ တောင်ကတုံးများတွင် သစ်စေ့မြေလုံးများ စိုက်ပျိုး

မေ ၂၂
အင်းလေကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအတွက် အင်းလေကန် ရေဝေရေလဲဒေသအတွင်းရှိ သစ်ပင်ပေါက်ရောက်မှု မရှိတဲ့ တောင်ကတုံးများထဲမှ အင်းလေးအရှေ့ သစ်တောကြိုးဝိုင်းအတွင်းရှိ ရန်အောင်မြင်တောင်ကုန်းမှာ သစ်စေ့မြေလုံးများ ဆူးထိုးစိုက်ပျိုးခြင်း လုပ်ဆောင်ထားရှိထားကြောင်း မြို့နယ် သစ်တောဦးစီးဌာနက ဆိုပါတယ်။
အင်းလေးကန် မတိမ်ကောရေးအတွက် ယခုနှစ် မိုးဦးပိုင်း မေလ တတိယပတ်အဝွင်း သစ်ပင်ပေါက်ရောက်မှု နည်းပါးတဲ့ တောင်ကတုံးတွေမှာ သစ်စေ့ ၇၂,၀၀၀ ပါဝင်တဲ့ သစ်စေ့မြေလုံး ၂၄,၀၀၀ လုံးကို ကိုးပေအကွာထားကာ ဆူးထိုးစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသစ်စေ့မျိုးစုံ ၆၃,၀၀၀ ကိုလည်း ကြဲပက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သစ်စေ့မြေလုံးတွေ ဆူးထိုးစိုက်ပျိုးရာမှာ ဘောစကိုင်း ၁၂,၅၀၀ ၊ မယ်ဇလီ ၇,၅၀၀ ၊ ရေသင်းဝင် ၄,၀၀၀ ကို ဒေသခံပြည်သူတွေနဲ့အတူ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်က MOI သို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း အနောက်ကြိုးပြင်ကာကွယ်တောရှိ သစ်ပင်ပေါက်ရောက်မှု နည်းပါးတဲ့ တောင်ကတုံးတွေမှာ သစ်စေ့ မြေလုံး ၃၀,၀၀၀ ခန့် ဆူးထိုးစိုက်ပျိုးပြီး သစ်တောသစ်ပင်မျိုးစေ့ ၂၀၀,၀၀၀ ကျော်ကို ကြဲပက်သွားမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *