BREAKING NEWS

တရုတ်မှ မြန်မာဆိတ်ကို တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့အတွက် လာအိုသို့သာ ရောင်းချနေရ

မေ ၂၁
တရုတ်နိုင်ငံသို့ ဆိတ်တင်ပို့ရောင်းချခွင့်မရှိသောကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှ ဆိတ်ကုန်သည်တွေဟာ လာအိုနိုင်ငံသို့ သွားရောက် ရောင်းချနေရတယ်လို့ သိရပါတယ်။ မြန်မာ့ဆိတ်ကုန်သည်တွေဟာ ၂၀၁၆ ခုနှစ်မှ စတင်ကာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆိတ်တင်ပို့ရောင်းချခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းမှ စတင်ပြီး တရုတ်နိုင်ငံမှ မြန်မာဆိတ်တွေကို တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အခြားနိုင်ငံတွေကို တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။
“သူတို့နိုင်ငံတွင်းကို ဝင်တဲ့လူတွေ အဝင်မခံတဲ့အခါမှာ ကျွန်တော်တို့က တရုတ်နိုင်ငံကို ရောင်းချရာမှာ အခက်အခဲ ဖြစ်သွားတယ်။ အဲဒါနဲ့ ကုမ္ပဏီမှာလည်း မွေးမြူသူတွေ အောက်ခြေမှာလည်း အဆင်ပြေအောင်အတွက် ကျွန်တော်တို့ တာချီလိတ်ခရိုင် ကျိုင်းလတ်မှာရှိတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး တံတားကနေပြီးမှ လာအိုနိုင်ငံဘက်ကို ဈေးကွက်ရှာပြီးမှ ရောင်းခဲ့တယ်။ တကယ်ကလည်း လာအိုနိုင်ငံလို့သာ အမည်တပ်တာ ဒီဆိတ်တွေက လာအိုနိုင်ငံကနေတစ်ဆင့် တရုတ်ကိုပဲ ပြန်သွားတာ ဖြစ်ပါတယ်” လို့ တိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌ ဦးသန်းထွန်းဦးက ဆိုပါတယ်။
မြန်မာဆိတ်ကုန်သည်တွေဟာ လာအိုနိုင်ငံအပြင် မလေးရှားနဲ့ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြပေမယ့် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်ပသို့ တင်ပို့ရောင်းချရာမှာ မြန်မာနိုင်ငံမှ အစိုးရခွင့်ပြုချက် စာရွက်စာတမ်းတွေ၊ တရားဝင်ကျန်းမာရေး ဆေးစစ်ချက်တွေနဲ့ ရောင်းချနေပေမယ့် တစ်ဖက်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းတွေမှသာ မှောင်ခိုရောင်းချနေရတဲ့အတွက် G to G စနစ်ဖြင့် တင်ပို့ရောင်းချလိုကြတယ်လို့ သိရှိရပါတယ်။
REF: MOI





Leave a Reply

Your email address will not be published. Required fields are marked *