BREAKING NEWS

ပဲထောပတ်နှင့် ပဲဇီးကွက် တစ်တင်းကို ကျပ် ၃,၀၀၀ ကျော် ဈေးကျဆင်း

ရန်ကုန်၊ မေ ၂၀
မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ အဓိကထားစိုက်ပျိုးနေတဲ့ ထောပတ်ပဲနဲ့ ပဲဇီးကွက်တို့ကို ပြည်ပသို့ တင်ပို့မှုနည်းနေတဲ့အတွက် တစ်တင်းကို ကျပ် ၃,၅၀၀ ခန့်အထိ ဈေးကျဆင်းလျက်ရှိနေပြီး ပြည်တွင်းဈေးကွက်သာ အဓိကထား ရောင်းချနေရတယ်လို့ သိရပါတယ်။
မတ်လနဲ့ ဧပြီလအတွင်း ပဲထောပတ် တစ်တင်းကို ကျပ် ၁၇,၀၀၀ ခန့်ရှိရာမှ ယခု မေလမှာတော့ တစ်တင်းကို ကျပ် ၁၃,၅၀၀ အထိ ဈေးကျဆင်းလျက်ရှိနေပြီး ပဲဇီးကွက်မှာတော့ ယခင် တစ်တင်းကို ကျပ် ၁၆,၀၀၀ ခန့် ရှိရာမှ ယခုလမှာ ၁၂,၅၀၀ သို့ အသီးသီးကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်ကြောင်းလည်း ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
ပဲထောပတ်ကို တရုတ်သို့ ပို့ကုန်လည်း ကျဆင်းနေသလို မူလဝယ်လိုအားများတဲ့ ဂျပန်နဲ့ စားသုံးမှုနည်းတဲ့ ဥရောပတို့ဘက်မှာလည်း ဈေးကွက်မတည်ငြိမ်တဲ့အတွက် ပို့ကုန်ကျဆင်းနေရာမှာ ဈေးလျော့နည်းလာခြင်းဖြစ်ကြောင်း ပုခုက္ကူမြို့နယ်ရှိ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ထောပတ်ပဲထွက်ရှိမှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ယူအေအီးနိုင်ငံများသို့ ပင်လယ်ရေကြောင်း သို့မဟုတ် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့နေပြီး ဘဏ္ဍာနှစ် တစ်နှစ်ကို ပျှမ်းမျှတန်ချိန် ၁၅,၀၀၀ မှ ၃၀,၀၀၀ အတွင်း တင်ပို့လျက်ရှိနေတယ်လို့ သိရှိရပါတယ်။
Ref: AMIA / Photo: UC ANR





Leave a Reply

Your email address will not be published. Required fields are marked *