BREAKING NEWS

ချောင်းဆုံမဟာကန်တော်ကြီး တူးဖော်ပြီးစီးပါက နွေစပါးစိုက်ပျိုးရေ လုံလောက်စွာ ပေးနိုင်မည်

မေ ၁၇၊ ၂၀၂၀။
မွန်ပြည်နယ်၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရှိ မဟာကန်တော်ကြီးကို နွေစပါးစိုက်ပျိုးရာမှာ ရေအလုံအလောက်ပေးနိုင်စေဖို့၊ ဒေသတွင်း ခရီးသွားလာမှုနဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်စေဖို့ ရည်ရွယ်တူးဖော်နေရာမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ယခုတူးဖော်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက “ယခုဘဏ္ဍာနှစ်အတွင်းမှာ ၂၀၁၉ နောက်ပိုင်းလမှ စတင်ပြီး တင်ဒါအောင် ကုမ္ပဏီ (၃) ခုတို့က တူးဖော်နေတာ ဖြစ်တယ်။ ယခင်က (ပထမ) အကြိမ် တူးဖော်ရာမှာ ၅၃ ဧက တူးဖော်ပြီးတော့ ခုနှစ် ၃၈ ဧကလောက်ကို အနက်ပေ ၁၀၀ ကျော်နဲ့ တူးဖော်ပြီးစီးမှု အခြေအနေကတော့ ခုချိန်မှာ ၉၅ ရာခိုင်နှုန်းလောက် တူးဖော်မှုလုပ်ငန်း ပြီးစီးနေပြီ” လို့ MOI သို့ ပြောဆိုထားပါတယ်။
မဟာကန်တော်ကြီး ပြီးစီးပါက မုရစ်ကြီးကျေးရွာ၊ ချောင်းဆုံ အနာက်ပိုင်းရပ်ကွက်ရှိ လယ်စိုက်ဧက (၃၀၀) ကျော်ကို နွေစပါး စိုက်ပျိုးဖို့အတွက် ရေတားဆည်အဖြစ် ထားရှိပြီး ရေအလုံအလောက် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သောက်သုံးရေ ရှားပါးတဲ့ ကျေးရွာတွေထံ သောက်သုံးရေအဖြစ် ဖြန့်ဝေပေးနိုင်မှာလည်း ဖြစ်သလို အများပြည်သူ အပန်းဖြေစရာ နေရာတစ်ခုအနေနဲ့ပါ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဒေါ်ကြည်ကြည်မြက ဆိုပါတယ်။
ချောင်းဆုံမြို့ မဟာကန်တော်ကြီးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း (၄,၈၀၀) ကျပ်ဖြင့် (၅၃) ဧက တူးဖော်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်းမှာတော့ ကျပ်သိန်းပေါင်း (၃,၆၅၀) ကျပ်ဖြင့် (၃၈) ဧက တူးဖော်လျက်ရှိနေတာ ဖြစ်ပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *