BREAKING NEWS

နွားနို့သုံးစွဲမှု လျော့ကျလာသဖြင့် နို့စားနွားများကို ပေါက်ဈေးထက် နှစ်သိန်းခန့် အရှုံးခံကာ ရောင်းချမှုများရှိနေ

မေ ၁၄၊ ၂၀၂၀။
မြန်ပြည်တွင်းမှာ COVID-19 ရောဂါကာကွယ်ရေး လူစုဝေးမှုနဲ့ အသွားအလာတွေ ကန့်သတ်ထားပြီး နွားနို့အသုံးပြုလုပ်ငန်းတွေမှ နို့သုံးစွဲမှု လျော့ကျလာတဲ့အတွက် နို့စားနွားတွေကို အရှုံးခံရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နို့စားနွား အကောင် ၂၀ ခန့်ရှိတဲ့ လုပ်ငန်းတွေမှ နေ့စဉ် နွားနို့ပိဿာချိန် ၃၀၀ ဝန်းကျင်အထိ ရရှိသော်လည်း ဈေးကွက်မှာ နို့ဖြန့်ဝေနိုင်မှု အနေနဲ့ ပိဿာ ၁၀၀ ခန့်သာ ရှိကြောင်း သိရပါတယ်။
စားသောက်ကုန်လုပ်ငန်းတွေမှ အသုံးပြုမှု နည်းပါးလာချိန်မျိုးမှာ အစာစရိတ်အခက်အခက်ခဲကြောင့် အရှုံးခံရောင်းချလာရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မှ နို့စားနွားကုန်သည် ဦးစိုးမြင့်က AMIA တောင်သူ့ရုပ်သံကို ပြောဆိုပါတယ်။
“အခုလို ပါဆယ်ပဲ ရောင်းတဲ့အခါမှာ နွားနို့သုံးစွဲမှုက လျော့ကျလာတယ်။ အစာကျွေးမွေးတဲ့ စရိတ်ပဲ ပိုကုန်လာတယ်။ ဒါ့ကြောင့် ပေါက်ဈေးထက်ကို လျော့ပြီး ရောင်းရနေတာ” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိ ဈေးကွက်ပေါက်ဈေးအနေနဲ့ နို့စားနွားတစ်ကောင်ကို ကျပ် ၁၇ သိန်းမှ သိန်း ၂၀ ဝန်းကျင် ဈေးနှုန်းရှိပြီး ကျပ် ၂ သိန်းခန့် လျော့ချ ရောင်းနေပေမယ့်လည်း ဝယ်ယူသူ အရေအတွက် နည်းပါးတယ်လို့ သိရှိရပါတယ်။
Ref: AMIA





Leave a Reply

Your email address will not be published. Required fields are marked *