BREAKING NEWS

မန်းတိုင်းအတွင်း နှမ်းဖြူ တစ်တင်းလျှင် ကျပ်ရှစ်သောင်းအထိ ဈေးကောင်းရနေ

မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှာ ဘောင်ဖြင့်စိုက်ပျိုးထားတဲ့ နှမ်းဖြူတွေ တစ်တင်းကို ကျပ် ၈၀,၀၀၀ ဝန်းကျင်ဖြင့် ဈေးကောင်းရရှိလျက် ရှိနေကြောင်း MOI က ရေးသားဖော်ပြခဲ့ပါတယ်။
ယမန်နှစ်က နှမ်းဖြူတစ်တင်းကို ၅၀,၀၀၀ ကျပ် ဝန်းကျင် ဈေးရရှိရာမှ ယခုနှစ်အတွက် နှမ်းဖြူတစ်တင်း ကျပ် ၈၀,၀၀၀ ဝန်းကျပ် ဈေးပေါက်နေတဲ့အတွက် နှမ်းစိုက်တောင်သူတွေ အဆင်ပြေနေတယ်လို့ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ သမတန်းကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးအောင်ကိုက ဆိုပါတယ်။
ဘောင်ဖြင့်စိုက်ပျိုးပါက ရေသွင်းစိုက်ပျိုးရတဲ့အတွက် မိုးစောင့်ဖို့ မလိုတဲ့ အားသာချက် ရှိနေတဲ့အပြင် တစ်ဧကကို မျိုးစေ့ (၁) နဲ့ နှစ်ဘူးသာ ကုန်ကျတဲ့အတွက်လည်း မျိုးစေ့ သက်သာတယ်လို့ ၎င်းက ဆိုပါတယ်။ ကျဲပက်စိုက်ပျိုးမယ်ဆိုရင်တော့ ပုံမှန်အားဖြင့် တစ်ဧကကို မျိုးစေ့ (၂) ပြည်ဝန်းကျင် ကုန်ကျလေ့ ရှိပါတယ်။
မြစ်သားမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအတွင်းရှိ ကျေးရွာတွေမှာ ပန်းလောင်မြစ်မှ မြစ်ရေတင်စနစ်ကို အသုံးပြုပြီး စိုက်ပျိုးလျက် ရှိနေတာ ဖြစ်ပါတယ်။ နှမ်းစိုက်တောင်သူတွေက နှမ်းဖြူကို ဘောင်ဖြင့် ဇန်နဝါရီလမှ စတင်ကာ မျိုးစေ့ချ စိုက်ပျိုးလေ့ ရှိပါတယ်။ နှစ်လခန့်အကြာမှာ နှမ်းစိုက်ခင်းတွေ အပွင့်၊ အသီး စတင်ဖူးပွင့်လေရှိပြီး လေးလခန့်ကြာပြီဆိုရင်တော့ ရိတ်သိမ်းနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
Ref: MOI





Leave a Reply

Your email address will not be published. Required fields are marked *