BREAKING NEWS

ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၂၇)မိုင် ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး(၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်

ဧပြီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈) နာရီ၊ (၁၅) မိနစ်၊ (၂၅) စက္ကန့် အချိန် တိုင်းထွာချက်များအရ ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၂၇)မိုင် ခန့်အကွာတွင် အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
၎င်း မြေငလျင်မှာ အင်အားရစ်(ခ်)တာစကေး(၆.၁)အဆင့်ရှိပြီး ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက်(၂၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁)ဒီဂရီ၊ အနက်(၁၂)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖော်ပြထားပါတယ်။
By AsunaSein





Leave a Reply

Your email address will not be published. Required fields are marked *