BREAKING NEWS

မိုးကြိုကာလအတွင်း လေပြင်းနှင့် မိုးထစ်ချုန်းခြင်းများ သတိထားရန်လို

ရန်ကုန်၊ ဧပြီ ၁၅
မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးကြိုကာလအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနဲ့အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကြား မိုးထစ်ချုန်းရွာခြင်းတွေ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတိပေးထားပါတယ်။
မိုးကြိုကာလဖြစ်တဲ့ ဧပြီလမှစတင်ပြီး မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်းမှာ လေထုမငြိမ်သက်မှုတွေကြောင့်နဲ့ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲ သို့မဟုတ် ညနေပိုင်းတို့မှာ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းကာ အထက်ဖော်ပြပါ လေပြင်းနဲ့ မိုးထစ်ချုန်းရွာသွန်းခြင်းတို့ ဖြစ်ထွန်းလာနိုင်ကြောင်း မိုးဇလက သတိပေးထားတာ ဖြစ်ပါတယ်။
လေပြင်းတိုက်ခတ်စဉ်မှာ မြေပြင်/ရေပြင် လေဟာ တစ်နာရီကို မိုင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်းလည်း ယင်း သတိပေးစာမှာ ဖော်ပြထားပါတယ်။ သို့ဖြစ်တဲ့အတွက် မိုးကြိုကာလအတွင်းမှာ မြန်မာပြည်အနှံ့အပြားက တိုင်းရင်းပြည်သူများ တောင်သူဦးကြီးများအနေနဲ့ အထူးဂရုပြု နေထိုင်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Pissaya_Info
Source: မိုးဇလ / Photo: Nick Dolding, Getty Images





Leave a Reply

Your email address will not be published. Required fields are marked *