BREAKING NEWS

ဆန်နဲ့ဆန်ကွဲပြည်ပတင်ပို့နိုင်ရေး ထုတ်ပြန်

ကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေသော (Covid- 19 ) ရောဂါပိုးကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး ၊ကုန်ဈေးနှုန်းတည်ငြိမ်ရေး တောင်သူလယ်သမားများဝင်ငွေတိုးတက်ရရှိရေးနဲ့ပြည်ပပို့ကုန်တိုး မြှင့်ရေးအတွက် ယခုနှစ်ဆန်နဲ့ဆန်ကွဲပြည်ပတင်ပို့နိုင်ရေးကို ထုတ်ပြန်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။
ယခင်လ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ ဆန်နဲ့ဆန်ကွဲတင်ပို့ခွင့်လိုင်စင်ရရှိထားသူများမှ တင်ပို့သည်ပမာဏ အထောက်အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားတဲ့ပမာဏရဲ့ ၁၀ရာ ခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ဧည့်မထ (၂၅)ရာခိုင်နှုန်းကိုရောင်းချပေးရမှာဖြစ်ကြောင်းသိ ရပါတယ်။
ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ကုမ္ပဏီများအနေနဲ့လည်း တင်ပို့ခြင်းမပြုမီကြိုတင်၍လည်းကောင်း အမှန်တင်ပို့ပြီး တစ်ပတ်အတွင်းတွင်လည်းကောင်း နိုင်ငံတော်အရန်ဆန် (၁၀)ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ သိုလှောင်ရုံကိုအပ်နှံပေးသွင်းရမှာဖြစ်ကြောင်းသိရပါတယ်။
နိုင်ငံတော်အရန်ဆန်(၁၀)ရာခိုင်နှုန်းကို သတ်မှတ်ချိန်အတွင်းပြီးပြတ်အောင် ပေးသွင်းခြင်းမရှိပါက ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းခြင်းခံရမှာဖြစ်ပြီး အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *