မြန်မာ့ကြက်သွန်နီဈေးနှုန်းတည်ငြိမ်

ယခုလက်ရှိအချိန်အတွင်းမြန်မာ့ကြက်သွန်ဈေးနှုန်းများမှာ အရောင်းအဝယ်အေးပြီး တည်ငြိမ်လျက်ရှိ နေကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်စားဖိုဆောင် သီး နှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။
ကြက်သွန်ကုန်တင်ကားအဝင်အထွက်မှာသင်္ကြန်ရက်ပိုင်းအတွင်းခေတ္တပိတ်ထားတာကြောင့် လက်ကျန်ကြက်သွန်တွေကိုရောင်းဝယ်နေတာဖြစ်တဲ့အတွက် ဈေးနှုန်းမှာအေး နေတာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထု တ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“အခုသင်္ကြန်ရက်ပိုင်းအတွင်းကတော့ကြက်သွန်နီကုန်တင်ကားအဝင်အထွက်မရှိဘူး။ပိတ်ထားတာ ဆိုတော့ လက်ကျန်ရှိတဲ့ကြက်သွန်နီတွေကိုပဲရောင်းနေရတာဆိုတော့ ဈေး နှုန်းက အရောင်းအဝယ် အေးနေတယ်။တက်လည်းမတက်ဘူး”

ကြက်သွန်နီဆိပ်ဖြူရှယ်တစ်ပိဿာကို ၇၀၀ကျပ် ၊ဆိပ်ဖြူလတ်ကြီးတစ်ပိဿာကို ၇၀၀ ကျပ် ၊ ဆိပ်ဖြူ လတ်သန့်တစ်ပိဿာကို ၇၀၀ ကျပ် ၊ဆိပ်ဖြူလတ်ချော တစ်ပိဿာကို ၆၀၀ ကျပ် ၊မြစ်သား ရှယ် (သစ်) တစ်ပိဿာကို ၈၀၀ကျပ် ၊ မြစ်သားလတ်ကြီးတစ်ပိဿာကို ၁၁၀၀ ကျပ် ၊ မြစ်သားလတ်သန့် တစ်ပိဿာကို ၁၁၀၀ ကျပ် ၊ မြစ်သားလတ်ချောတစ်ပိဿာကို ၈၀၀ ကျပ်ရှိနေကြောင်းဘုရင့် နောင် ကုန်စည်ဒိုင်ဈေးနှုန်းများအရသိရပါတယ်။

ကြက်သွန်နီကုန်တင်ကားများမှာ နယ်အစုံမှ ကားအစီးရေ (၃၀)ဝန်းကျင် ဘုရင့်နောင် ကုန်စည်ဒိုင်ကို ပုံမှန်တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *