မြန်မာ့ဖရဲ၊သခွားများတင်ဆောင်လာသောကုန်တင်ကားများအတွက် အစား ထိုးယာဉ်မောင်းများကိုသာ မောင်းဝင်ခွင့်ပြုမည်

မြန်မာ့ဖရဲ ၊ သခွားများကို တင်ဆောင်လာသော ကုန်တင်ကားများအနေနဲ့နယ်စပ်ဖြတ်ကျော်ရာမှာ ဧပြီလ(၈)ရက်နေ့မှစတင်ပြီး သတ်မှတ်ထားတဲ့ အစားထိုးယာဉ်မောင်းများကိုသာ မောင်းဝင်ခွင့်ပြု မှာ ဖြစ်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

တရုတ်နိုင်ငံဘက်မှ Covid – 19 ရောဂါထိန်းချုပ်ရေးစီမံချက်အရ လုပ်ဆောင်တာဖြစ်ကြောင်း အဆိုပါကုန်စည်ဒိုင်မှသိရပါတယ်။

ဧပြီလ(၈)ရက်နေ့မှစတင်ပြီး မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှစီစဉ်ထားတဲ့ အစားထိုးယာဉ် မောင်းနဲ့ မောင်းဝင်ရမှာဖြစ်ပြီး အဆိုပါယာဉ်မောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်များကို မူဆယ်သစ်သီး ဝလံကုန်စည်ဒိုင်မှ တာဝန်ယူဖြေရှင်းပေးသွားမှာဖြစ်ကြောင်းလည်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေး ဇုန် ၊ သစ်သီးဝလံကုန်စည်ဒိုင်ရဲ့ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *