တစ်ပတ်အတွင်းဆန်ဈေးနှုန်းတည်ငြိမ်နေ

ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ်ရဲ့ ဆန်လက်ကားဈေးနှုန်းများ အရ ဆန်ချော ၊ ဆန်ကြမ်းဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါ တယ်။
ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ် ၊ လတ်စတစ်အိတ်မှာ ၃၇၀၀၀ ကျပ် ၊ မြောင်းမြ ၊ ပုသိမ်ပေါ်ဆန်း ထိပ်စ တစ်အိတ်မှာ ၄၁၀၀၀ ကျပ် ၊ လတ်စတစ်အိတ်မှာ ၃၈၀၀၀ ကျပ် ၊ ဒေးဒရဲပေါ်ဆန်းထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ် ၊ လတ်စ တစ်အိတ် မှာ ၃၆၅၀၀ ကျပ် ရှိပြီးဆန်ချောဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါတယ်။
ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ၂၃၅၀၀ ကျပ် ၊ လတ်စတစ်အိတ်ကို ၂၃၀၀၀ ကျပ် ၊ ငစိန်ထိပ်စ တစ်အိတ်ကို ၁၉၀၀၀ ကျပ် ၊ လတ်စတစ်အိတ်ကို ၁၈၅၀၀ ကျပ် ရှိပြီးတစ်ပတ်အတွင်း ဆန်ချောဈေး နှုန်းမှာတည်ငြိမ်နေကြောင်းသိရပါတယ်။
မိုးသုခရှယ်တစ်အိတ် ၂၆၀၀၀ ကျပ် ၊ လတ်စတစ်အိတ် ၂၅၀၀၀ ကျပ် ၊ ပေါ်ဆန်းရှယ်ထိပ်စတစ်အိတ် ၄၀၀၀၀ ကျပ် ၊ လတ်စတစ်အိတ်ကို ၃၇၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *