မြန်မာ့ငရုတ်သီး အစိုဝယ်ယူသွားမည်

ယခုလဆန်းပိုင်းအတွင်း မြန်မာ့ငရုတ်သီးအစိုကို ဝယ်ယူသွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေ းကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးကို တရုတ်နိုင်ငံက တင်ပို့သွားမှာဖြစ်ပြီး ငရုတ်အစိုကိုဝယ်ယူသွားမှာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါ တယ်။
“မြန်မာ့ငရုတ်သီးအစိုကိုလိုက်လံဝယ်ယူသွားမယ်။ အဆင့်သင့်ဖြစ်ပြီးသားနဲ့ အရည်အသွေးကောင်း တဲ့ ငရုတ်တွေကိုသာရွေးချယ်ဝယ်ယူသွားမှာပါ။လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်ပြီး တော့တင်ပို့သွားမှာပါ”
မြန်မာ့ငရုတ်သီးအစိုကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ လိုက်လံဝယ်ယူ သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့သွားမှာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *