မြန်မာ့ငရုတ်သီးပြည်ပတင်ပို့မှုရပ်တန့်နေ

ယခုလပိုင်းအတွင်းမှာ မြန်မာ့ငရုတ်သီးပြည်ပတင်ပို့မှုမှာ ရပ်တန့်နေကြောင်းမြန်မာ့ငရုတ်သီးဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးကို တင်ပို့နေတဲ့ နယ်စပ်ဂိတ်များမှာ ပိတ်လိုက်ပြီဖြစ်တဲ့အတွက် ရပ်တန့်သွားမှာဖြစ် တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။
“ ငရုတ်သီး ကို တင်ပို့နေတဲ့ အဓိကနယ်စပ်ဂိတ်တွေက ပိတ်နေပြီဆိုတော့ တင်ပို့မှုကမရှိသလောက် နီးပါးဖြစ်သွားတယ်။ပြည်တွင်းမှာကတော့ငရုတ်သီးဈေးကွက် အခြောက်ဈေးနှုန်းကတက်လာပါတယ်”
မြန်မာ့ငရုတ်သီးကို ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ကြောင်း အဆို ပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတို့မှာ အများဆုံးစိုက်ပျိုးနေ တာဖြစ်ကြောင်းမြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *