မြန်မာ့ငရုတ်သီးခြောက်ဈေးအနည်း ငယ်တက်လာ

ယခုလက်ရှိမြန်မာ့ငရုတ်သီးခြောက်ဈေးနှုန်းမှာ အနည်းငယ်တက်လာကြောင်း မြန်မာ့ငရုတ်သီးဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးခြောက်မှာ ပြည်ပတင်ပို့မှုနည်းပါနေပေမယ့်လည်း ပြည်တွင်းဈေးနှုန်းများမှာ အနည်း ငယ်တက်နေတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ငရုတ်သီးဈေးနှုန်းက တစ်ပတ်ကျော်လောက်ပဲ ရှိသေးတယ်။တက်လာတယ်။ငရုတ်သီးအခြောက်က တက်တာ။တစ်ပိသာ ၂၀၀ လောက်တော့တက်လာပါတယ်။ ပြည်ပတင်ပို့မှုကတော့ မရှိသလောက် နည်းနေပါတယ်”
မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာ အများဆုံးစိုက်ပျိုး တာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးခြောက်ဈေးနှုန်းများမှာ တစ်ပိဿာကို ၂၄၀၀ ကျပ်မှာစတင်ကာ ၃၀၀၀ ကျပ်အထိတ ဖြည်းဖြည်းမြင့်တက်လာတာဖြစ်ကြောင်းမြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *