မြန်မာ့ဖရဲဈေးနှုန်းရရှိမှုနည်းနေ
ယခုတစ်ပတ်အတွင်း မြန်မာ့ဖရဲဈေးနှုန်းရရှိမှုများမှာ နည်းနေသေးကြောင်းမြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
မြန်မာ့ဖရဲဈေးနှုန်းများမှာ ပုံမှန်ရောင်းဝယ်မှုရှိသော်လည်းဈေးနှုန်းနည်းနေသေးကြောင်း မြန်မာနိုင်ငံ ဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
“ မတ်လ(၁၈)ရက်နေ့က တရုတ်ဘက်ကဝယ်လက်တွေမရှိဘူး။နောက်နေ့မှာတော့ ပုံမှန်ရောင်းဝယ် ဖြစ်တယ်။ ဖရဲဈေးနှုန်းကတော့ ကားခသာသာပဲရသေးတယ်။ ဈေးနှုန်းနည်းသေးတာပေါ့”
မြန်မာ့ဖရဲဈေးနှုန်းမှာတစ်တန်ကို ၃၅၀၀ ဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး တရုတ်ကိုအဓိကထားတင် ပို့နေတာဖြစ်ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ဖရဲကုန်တင်ကားများမှာ မတ်လ(၁၉)ရက်နေ့စာရင်းများအရ အစီး(၂၀၀)ဝန်းကျင် တင်ပို့ နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါ တယ်။
တယ်။
Leave a Reply
Your email address will not be published. Required fields are marked *