မြန်မာ့ဖရဲ ၊ သခွားပုံမှန်ရောင်းဝယ်နေ

မြန်မာ့ဖရဲ ၊ သခွားများမှာ အခုရက်ပိုင်းများအတွင်းပုံမှန်ရောင်းဝယ်မှုများရှိနေကြောင်းမြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
မနေ့က တရုတ်ကုန်သည်များမှာ ဝယ်ယူမှုမရှိတဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ပုံမှန် အတိုင်းဝယ်ယူမှုများရှိနေကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအ သင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
“ မတ်လ(၁၈)ရက်နေ့ကဘယ်ကသတင်းတွေကြားလဲတော့မသိဘူး။တရုတ်ဘက်ကကုန်သည်တွေက တစ်ယောက်မှဝယ်လက်မရှိကြဘူး။ဒါပေမယ့်ဒီနေ့မှာတော့ ဖရဲ၊သခွားကုန်သည်တွေကပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါပြီ”
ဒီကနေ့စာရင်းများအရ မြန်မာ့ဖရဲ၊ သခွားကုန်တင်ကားများမှာ အစီး(၄၀၀)ခန့် တင်ပို့ပြီးပြီဖြစ် ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
မောရွှေလီကုန်သွယ်မှုဗဟိုဌာန ၊ အရှေ့မြောက်တံခါး ၊ သစ်သီးကုန်စည်ဒိုင်(၁၀၅)မိုင်နဲ့ ဝမ်တိန်ချန် ဟောအသီးလှယ်ကွင်းများမှာ ဒီကနေ့ကစပြီး ပုံမှန်ရောင်းဝယ်နေတာဖြစ်ကြောင်းလည်း မြန်မာနိုင် ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ျမန္မာ့ဖရဲ ၊ သခြားပံုမွန္ေရာင္းဝယ္ေန
ျမန္မာ့ဖရဲ ၊ သခြားမ်ားမွာ အခုရက္ပိုင္းမ်ားအတြင္းပံုမွန္ေရာင္းဝယ္မႈမ်ားရွိေနေၾကာင္းျမန္မာႏိုင္ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။
မေန႔က တရုတ္ကုန္သည္မ်ားမွာ ဝယ္ယူမႈမရွိတဲ့ အေျခအေနျဖစ္ခဲ့ေပမယ့္ ဒီကေန႕မွာေတာ့ ပံုမွန္ အတိုင္းဝယ္ယူမႈမ်ားရွိေနေၾကာင္း ျမန္မာႏိုင္ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအ သင္းမွ ဥကၠဌ ဦးႏုိင္ဝင္းကေျပာပါတယ္။
“ မတ္လ(၁၈)ရက္ေန႕ကဘယ္ကသတင္းေတြၾကားလဲေတာ့မသိဘူး။တရုတ္ဘက္ကကုန္သည္ေတြက တစ္ေယာက္မွဝယ္လက္မရွိၾကဘူး။ဒါေပမယ့္ဒီေန႕မွာေတာ့ ဖရဲ၊သခြားကုန္သည္ေတြကပံုမွန္အတိုင္း အေရာင္းအဝယ္ျဖစ္ေနပါၿပီ”
ဒီကေန႕စာရင္းမ်ားအရ ျမန္မာ့ဖရဲ၊ သခြားကုန္တင္ကားမ်ားမွာ အစီး(၄၀၀)ခန္႕ တင္ပို႕ၿပီးၿပီျဖစ္ ေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။
ေမာေရႊလီကုန္သြယ္မႈဗဟုိဌာန ၊ အေရွ႕ေျမာက္တံခါး ၊ သစ္သီးကုန္စည္ဒိုင္(၁၀၅)မိုင္နဲ႕ ဝမ္တိန္ခ်န္ ေဟာအသီးလွယ္ကြင္းမ်ားမွာ ဒီကေန႕ကစၿပီး ပံုမွန္ေရာင္းဝယ္ေနတာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *