BREAKING NEWS

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို မနေ့ကမြန်မာနိုင်ငံ ကုန်သည်စက်မှုချုပ်အသင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
အခုလက်ရှိဖြစ်ပေါ်မှုများအပေါ် နိုင်ငံတော်အစိုးရကိုတင်ပြနိုင်ရေးအတွက် ဆွေးနွေးဆဲအဆင့်သာရှိ သေးတာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်ကပြောပါတယ်။
“ကော်မတီအစည်းအဝေးကတော့မနေ့ကလုပ်ခဲ့တာပေါ့နော်။ဆွေးနွေးပွဲအသေးစိတ်ကိုတော့ ပြန်ပြီး တော့ထုတ်ပြန်ပေးသွားမှာပါ”
မြန်မာ့ဆန်စပါးဈေးကွက် တည်ငြိမ်ရေးနဲ့ Covid – 19ရဲ့ သက်ရောက်မှုများဖြစ်ပေါ်နေချိန် ပြည်တွင်း ဆန်စပါးဈေးကွက် ၊ ဈေးနှုန်းများ မှန်ကန်မျှတမှုရှိစေရေး ၊ လိုအပ်လျက်ရှိတဲ့နေရာဒေသများကိုဖြန့် ဖြူးပေးနိုင်ရေး ၊ လက်လီဈေးကွက်အတွင်းဈေးနှုန်းအဆမတန် မြင့်တက်ခြင်း မရှိစေရေး ၊ သတင်းအ ချက်အလက်များ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်နိုင်ရေး ၊ နွေစပါးပေါ်ချိန်မှာ ဝယ်လိုအားမကျစေရေး နဲ့ တောင်သူလယ်သမားများအတွက် အခြေခံဈေးနှုန်းအပေါ်တွင် ဈေးကွက် ပေါက်ဈေးဖြစ်ပေါ်စေရန် ကြိုတင်စီမံဆောင်ရွက်ရေး တို့ကိုဆွေးနွေးခဲ့ကြောင်းအဆိုပါအသင်းချုပ်မှသိရပါတယ်။
Covid -19 ရောဂါဖြစ်ပေါ်နေချိန်တွင် ပြည်ပတင်ပို့မှုကို အရန်ဆန်ထားရှိမှုနဲ့ ယှဉ်တွဲဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရကို တင်ပြအကြံပြုနိုင်ရေးကိစ္စရပ်များကို စီစဉ်ဆောင်ရွက်သွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွစီမံခန္႕ခြဲေရးေကာ္မတီအစည္းအေဝးက်င္းပျပဳလုပ္
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွစီမံခန္႕ခြဲေရးေကာ္မတီအစည္းအေဝးကို မေန႔ကျမန္မာႏိုင္ငံ ကုန္သည္စက္မႈခ်ဳပ္အသင္းမွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရပါတယ္။
အခုလက္ရွိျဖစ္ေပၚမႈမ်ားအေပၚ ႏိုင္ငံေတာ္အစုိးရကိုတင္ျပႏိုင္ေရးအတြက္ ေဆြးေႏြးဆဲအဆင့္သာရွိ ေသးတာျဖစ္ေၾကာင္းျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴးဦးျမင့္လြင္ကေျပာပါတယ္။
“ေကာ္မတီအစည္းအေဝးကေတာ့မေန႕ကလုပ္ခဲ့တာေပါ့ေနာ္။ေဆြးေႏြးပြဲအေသးစိတ္ကိုေတာ့ ျပန္ၿပီး ေတာ့ထုတ္ျပန္ေပးသြားမွာပါ”
ျမန္မာ့ဆန္စပါးေစ်းကြက္ တည္ၿငိမ္ေရးနဲ႕ Covid – 19ရဲ႕ သက္ေရာက္မႈမ်ားျဖစ္ေပၚေနခ်ိန္ ျပည္တြင္း ဆန္စပါးေစ်းကြက္ ၊ ေစ်းႏႈန္းမ်ား မွန္ကန္မွ်တမႈရွိေစေရး ၊ လိုအပ္လ်က္ရွိတဲ့ေနရာေဒသမ်ားကိုျဖန္႕ ျဖဴးေပးႏိုင္ေရး ၊ လက္လီေစ်းကြက္အတြင္းေစ်းႏႈန္းအဆမတန္ ျမင့္တက္ျခင္း မရွိေစေရး ၊ သတင္းအ ခ်က္အလက္မ်ား အခ်ိန္နဲ႕တစ္ေျပးညီထုတ္ျပန္ႏိုင္ေရး ၊ ေႏြစပါးေပၚခ်ိန္မွာ ဝယ္လိုအားမက်ေစေရး နဲ႕ ေတာင္သူလယ္သမားမ်ားအတြက္ အေျခခံေစ်းႏႈန္းအေပၚတြင္ ေစ်းကြက္ ေပါက္ေစ်းျဖစ္ေပၚေစရန္ ႀကိဳတင္စီမံေဆာင္ရြက္ေရး တို႕ကိုေဆြးေႏြးခဲ့ေၾကာင္းအဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။
Covid -19 ေရာဂါျဖစ္ေပၚေနခ်ိန္တြင္ ျပည္ပတင္ပို႕မႈကို အရန္ဆန္ထားရွိမႈနဲ႕ ယွဥ္တြဲေဆာင္ရြက္ႏိုင္ ေရးအတြက္ ႏိုင္ငံေတာ္အစိုးရကို တင္ျပအႀကံျပဳႏိုင္ေရးကိစၥရပ္မ်ားကို စီစဥ္ေဆာင္ရြက္သြားမွာျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *