BREAKING NEWS

မြန်မာ့ပဲများ ပုံမှန်တင်ပို့နေရ

မြန်မာ့ပဲများဖြစ်တဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို အခုလက်ရှိအတွင်းမှာပုံမှန်တင်ပို့နေရတာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
အခုလက်ရှိမှာ မြန်မာ့ပဲများဖြစ်တဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို Normal Trade အတိုင်း ပုံမှန်တင်ပို့နေရ တာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြော ပါတယ်။
“ ပဲတွေကိုတော့ ပုံမှန်အတိုင်းတင်ပို့နေပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ အရင်တစ်ပတ်က ကျနေတဲ့ အနေအထားမှာ အခုလက်ရှိမှာတော့ အနည်းငယ်ပြန်တက်လာပါတယ်”
မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ်ပြီး ပုံမှန်တင်ပို့နေတာဖြစ်တယ်လို့လည်း အဆိုပါအသင်းမှသိရပါ တယ်။
မြန်မာ့မတ်ပဲမှာ တစ်တန်ကို ၉၁၀,၀၀၀ ကျပ် နဲ့ ပဲစဉ်းငုံမှာတစ်တန်ကို ၇၁၀,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမှာ တစ်သောင်းခွဲဝန်းကျင်ပြန်တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည် များအသင်းမှသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *