BREAKING NEWS

မြန်မာ့မတ်ပဲဈေးနှုန်းအနည်းငယ်ပြန်တက်လာ

မြန်မာ့မတ်ပဲဈေးနှုန်းမှာ အရင်တစ်ပတ်ထက် အနည်းငယ်ဈေးနှုန်းပြန်တက်လာကြောင်း မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
အရင်တစ်ပတ်က မတ်ပဲဈေးနှုန်းမှာ ကျပ် (၉)သိန်းအောက်ကိုကျဆင်းနေခဲ့ပြီး အခုတစ်ပတ်အတွင်း မှာ မတ်ပဲဈေးနှုန်း တစ်တန်ကို တစ်သောင်းခွဲဝန်းကျင်ပြန်တက်လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှသိရပါတယ်။
“ မတ်ပဲကအရင်တစ်ပတ်က တစ်တန်ကို (၉)သိန်းအောက်လောက်ကျဆင်းသွားပြီး အခုတစ်ပတ်မှာ တော့ (၉)သိန်းကျော်ကျော်လောက်ပြန်ပြီးတက်လာတယ်။တင်ပို့ခွင့်ကလည်းတစ်လထပ်မံရရှိထား တာဆိုတော့ ပုံမှန်သွားနေပါတယ်”
မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံကိုအဓိကထားတင်ပို့နေပြီး အခုလက်ရှိမှာ ပုံမှန်တင်ပို့နေတာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့မတ်ပဲဈေးနှုန်းမှာတစ်တန်ကို အရင်တစ်ပတ်က (၉)သိန်းကျပ်အောက်ရှိနေပြီး ဒီကနေ့ဈေးနှုန်း များအရ မတ်ပဲတစ်တန်ကို ၉၅၀,၀၀၀ ကျပ်နဲ့ ၉၁၀,၀၀၀ ကျပ်ဝန်းကျင် ပြန်တက်လာကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။

ျမန္မာ့မတ္ပဲေစ်းႏႈန္းအနည္းငယ္ျပန္တက္လာ
ျမန္မာ့မတ္ပဲေစ်းႏႈန္းမွာ အရင္တစ္ပတ္ထက္ အနည္းငယ္ေစ်းႏႈန္းျပန္တက္လာေၾကာင္း ျမန္မာႏိုင္ငံပဲ မ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။
အရင္တစ္ပတ္က မတ္ပဲေစ်းႏႈန္းမွာ က်ပ္ (၉)သိန္းေအာက္ကိုက်ဆင္းေနခဲ့ၿပီး အခုတစ္ပတ္အတြင္း မွာ မတ္ပဲေစ်းႏႈန္း တစ္တန္ကို တစ္ေသာင္းခြဲဝန္းက်င္ျပန္တက္လာေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ ႏွမ္း ကုန္သည္မ်ားအသင္းမွသိရပါတယ္။
“ မတ္ပဲကအရင္တစ္ပတ္က တစ္တန္ကို (၉)သိန္းေအာက္ေလာက္က်ဆင္းသြားၿပီး အခုတစ္ပတ္မွာ ေတာ့ (၉)သိန္းေက်ာ္ေက်ာ္ေလာက္ျပန္ၿပီးတက္လာတယ္။တင္ပို႕ခြင့္ကလည္းတစ္လထပ္မံရရွိထား တာဆိုေတာ့ ပံုမွန္သြားေနပါတယ္”
ျမန္မာ့မတ္ပဲကို အိႏိၵယႏိုင္ငံကိုအဓိကထားတင္ပို႕ေနၿပီး အခုလက္ရွိမွာ ပံုမွန္တင္ပို႕ေနတာျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့မတ္ပဲေစ်းႏႈန္းမွာတစ္တန္ကို အရင္တစ္ပတ္က (၉)သိန္းက်ပ္ေအာက္ရွိေနၿပီး ဒီကေန႕ေစ်းႏႈန္း မ်ားအရ မတ္ပဲတစ္တန္ကို ၉၅၀,၀၀၀ က်ပ္နဲ႕ ၉၁၀,၀၀၀ က်ပ္ဝန္းက်င္ ျပန္တက္လာေၾကာင္း ျမန္မာ ႏုိင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *