BREAKING NEWS

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသုတေသနစီမံကိန်းကို (၃)နှစ်တာဆောင်ရွက်သွားမည်

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု စံပြသစ်ကျေးရွာထူထောင်ရေး နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သုတေသနစီမံကိန်းကို (၃)နှစ်တာဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
ကိုရီးယားKOPIA ကလုပ်တဲ့ပဲမျိုးစုံစီမံကိန်းသုတေသနကို ဒီနှစ်ထဲမှာစတင်လုပ်ဆောင်သွားမှာဖြစ် တယ်လို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါ တယ်။
“ အဲဒီစီမံကိန်းကို ဒီနှစ်ထဲမှာစတင်လုပ်ဆောင်သွားမှာပါ။ပဲမျိုးစုံဖြစ်တဲ့ ပဲပုပ် ၊ ကုလားပဲ နဲ့ပဲတီစိမ်း ကို သုတေသနဆောင်ရွက်သွားမှာပါ”
ဘေးကင်းလုံခြုံစိတ်ချရတဲ့ အရည်အသွေးကောင်းအစားအစာများထုတ်လုပ်နိုင်ရေးနဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရေးအတွက် အဆိုပါသုတေသနကိုလုပ်ဆောင်သွားတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
စီမံကိန်းကာလအတွင်း ပဲပုပ် ၊ ကုလားပဲနဲ့ ပဲတီစိမ်း စိုက်ပျိုးကြတဲ့တောင်သူများ ကိုယ်တိုင်အရည်အ သွေးကောင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းနဲ့ ဈေးကွက်အလားအလာရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါစီမံကိန်းကို အခုနှစ်မှာစတင်ကာ ၂၀၂၂ခုနှစ်အထိ (၃)နှစ်တာ သုတေသနပြုဆောင်ရွက်သွား မှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသုတေသနစီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (KOPIA)နဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္မႈသုေတသနစီမံကိန္းကို (၃)ႏွစ္တာေဆာင္ရြက္သြားမည္
ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္မႈ စံျပသစ္ေက်းရြာထူေထာင္ေရး နည္းပညာပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သုေတသနစီမံကိန္းကို (၃)ႏွစ္တာေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ သိရပါတယ္။
ကိုရီးယားKOPIA ကလုပ္တဲ့ပဲမ်ိဳးစံုစီမံကိန္းသုေတသနကို ဒီႏွစ္ထဲမွာစတင္လုပ္ေဆာင္သြားမွာျဖစ္ တယ္လို႕စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႕လြင္ဦးကေျပာပါ တယ္။
“ အဲဒီစီမံကိန္းကို ဒီႏွစ္ထဲမွာစတင္လုပ္ေဆာင္သြားမွာပါ။ပဲမ်ိဳးစံုျဖစ္တဲ့ ပဲပုပ္ ၊ ကုလားပဲ နဲ႕ပဲတီစိမ္း ကို သုေတသနေဆာင္ရြက္သြားမွာပါ”
ေဘးကင္းလံုျခံဳစိတ္ခ်ရတဲ့ အရည္အေသြးေကာင္းအစားအစာမ်ားထုတ္လုပ္ႏိုင္ေရးနဲ႔ လုပ္ကြက္ငယ္ ေတာင္သူလယ္သမားမ်ားအတြက္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္ရြက္ႏိုင္ေရးအတြက္ အဆိုပါသုေတသနကိုလုပ္ေဆာင္သြားတာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။
စီမံကိန္းကာလအတြင္း ပဲပုပ္ ၊ ကုလားပဲနဲ႕ ပဲတီစိမ္း စိုက္ပ်ိဳးၾကတဲ့ေတာင္သူမ်ား ကိုယ္တိုင္အရည္အ ေသြးေကာင္း ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္ႏိုင္ျခင္းနဲ႕ ေစ်းကြက္အလားအလာရွိတဲ့ တန္ဖိုးျမွင့္ထုတ္ကုန္ မ်ားထုတ္လုပ္ျခင္းတို႕ကိုေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
အဆိုပါစီမံကိန္းကို အခုႏွစ္မွာစတင္ကာ ၂၀၂၂ခုႏွစ္အထိ (၃)ႏွစ္တာ သုေတသနျပဳေဆာင္ရြက္သြား မွာျဖစ္ေၾကာင္း အဆိုပါဌာနမွသိရပါတယ္။
ပဲမ်ိဳးစံုစိုက္ပ်ိဳးထုတ္လုပ္မႈသုေတသနစီမံကိန္းကို ကိုရီးယားအျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ ေရးအဖြဲ႕ (KOPIA)နဲ႕ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနတို႕မွပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *