BREAKING NEWS

သြဂဲနစ်လမ်းညွှန်သင်တန်း တတိယအကြိမ်မြောက်ထပ်မံဖွင့်လှစ်သွားမည်

၂၀၂၀ခုနှစ် တတိယကြိမ်မြောက် သြဂဲနစ်လမ်းညွှန်သင်တန်းကို ထပ်မံဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန် မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိ ရပါတယ်။
သြဂဲနစ်လမ်းညွှန်သင်တန်းကို စိုက်ပျိုးထုတ်လုပ်နေသူများ ၊ သြဂဲနစ်သီးနှံများ ရောင်းဝယ်လိုသူများနဲ့ စိတ်ပါဝင်စားသူများတက်ရောက်နိုင်ကြောင်းသိရပါတယ်။
အဆိုပါသင်တန်းကို မတ်လ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၄)နာရီခွဲထိ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (၅)လွှာမှာ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
သြဂဲနစ်လမ်းညွှန်သင်တန်းကိုစိတ်ပါဝင်စားသူများအနေနဲ့လည်း ဖုန်းနံပါတ် ၀၁-၂၁၈၃၆၇ နဲ့ ၀၉ – ၅၄၀၂၈၉၅ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *