BREAKING NEWS

မြန်မာ့ကြက်သွန်နီပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်း

ပြည်တွင်းမှ မြန်မာ့ကြက်သွန်နီကို ဝယ်ယူနေတဲ့နိုင်ငံများမှာ နည်းပါးနေကြောင်း မြန်မာ နိုင်ငံကြက် သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရ ပါတယ်။
ပြည်တွင်းမှာဝင်ရောက်မှုများနေပေမယ့်လည်း အခြားပြည်ပနိုင်ငံများမှာ မြန်မာ့ကြက်သွန်နီကို ဝယ်ယူ မှုမှာ အခုတစ်ပတ်အတွင်းနည်းပါးနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ ဒီရက်ပိုင်းအတွင်းမှာ သိပ်မဝယ်ကြဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သိပ်မဝယ်ကြသလို ၊ တရုတ်ဘက်ကလည်း မဝယ်ဘူး။သူတို့အဝယ်ပေါ်မှာပဲ ပြည်တွင်းဈေးနှုန်းကလည်းမူတည်နေ တာဆို တော့ ဈေးကလည်းကျနေတယ်”
မြန်မာ့ကြက်သွန်နီကို နယ်စပ်လမ်းကြောင်းမှ တင်ပို့မှုမှာလည်းလည်း ယခုတစ်ပတ်အတွင်းနည်းပါး နေကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ကြက်သွန်ဈေးနှုန်းမှာ ကြက်သွန်နီအကြီးတစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်နဲ့ ကြက်သွန်နီ အသေးတစ်ပိဿာကို ၆၅၀ ကျပ်ဝန်းကျင်သာရှိကြောင်းလည်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ျမန္မာ့ၾကက္သြန္နီျပည္ပႏိုင္ငံမ်ားမွ ဝယ္ယူမႈနည္း
ျပည္တြင္းမွ ျမန္မာ့ၾကက္သြန္နီကို ဝယ္ယူေနတဲ့ႏိုင္ငံမ်ားမွာ နည္းပါးေနေၾကာင္း ျမန္မာ ႏိုင္ငံၾကက္ သြန္ျဖဴ ၊ ၾကက္သြန္နီႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္း မွသိရ ပါတယ္။
ျပည္တြင္းမွာဝင္ေရာက္မႈမ်ားေနေပမယ့္လည္း အျခားျပည္ပႏိုင္ငံမ်ားမွာ ျမန္မာ့ၾကက္သြန္နီကုိ ဝယ္ယူ မႈမွာ အခုတစ္ပတ္အတြင္းနည္းပါးေနေၾကာင္း ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္စားဖိုေဆာင္ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ ဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။
“ ဒီရက္ပိုင္းအတြင္းမွာ သိပ္မဝယ္ၾကဘူး။ ဘဂၤလားေဒ့ရွ္ဘက္ကလည္း သိပ္မဝယ္ၾကသလို ၊ တရုတ္ဘက္ကလည္း မဝယ္ဘူး။သူတို႕အဝယ္ေပၚမွာပဲ ျပည္တြင္းေစ်းႏႈန္းကလည္းမူတည္ေန တာဆို ေတာ့ ေစ်းကလည္းက်ေနတယ္”
ျမန္မာ့ၾကက္သြန္နီကို နယ္စပ္လမ္းေၾကာင္းမွ တင္ပို႕မႈမွာလည္းလည္း ယခုတစ္ပတ္အတြင္းနည္းပါး ေနေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့ၾကက္သြန္ေစ်းႏႈန္းမွာ ၾကက္သြန္နီအႀကီးတစ္ပိႆာကို ၈၀၀ က်ပ္ဝန္းက်င္နဲ႕ ၾကက္သြန္နီ အေသးတစ္ပိႆာကို ၆၅၀ က်ပ္ဝန္းက်င္သာရွိေၾကာင္းလည္း ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴ ႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *