BREAKING NEWS

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နဲ့ Makro Myanmar တို့နားလည်မှုစာချွန်လွှာရေးထိုး

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နဲ့ Makro Myanmar တို့နားလည်မှုစာချွန်လွှာရေးထိုးပွဲကို မတ်လ(၁၀)ရက်နေ့ကပြုလုပ်ကျင်းပခဲ့ ပါတယ်။
မြန်မာနိုင်ငံတွင်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော တောင်သူများ ဈေးကွက်ပိုမိုရရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီး ဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
“Makro Myanmar နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်များ နဲ့သီးနှံများစိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်လာရေးအတွက်ရည်ရွယ်ပြီးလုပ်တာပါ”
Makro Myanmar နဲ့ပူးပေါင်း၍ မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်များရောင်းချနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာရေးထိုးတာဖြစ်ပါတယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအ သင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“Makro Myanmar ကနေ ပြီးတော့ ကုန်တိုက်လာဆောက်မယ်။အဲဒီမှာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် တွေရောင်းချသွားနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ပါ”
ဒေသခံတောင်သူများရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ၊ အဖွဲ့အစည်းနှစ်ခုအကြား ရေရှည်အကျိုးကျေးဇူးဖြစ်ထွန်းလာစေရေးနဲ့ ပြည်တွင်းထွက်ကုန်များ ဖြန့်ဖြူးနိုင်ရေးတို့ကို ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းလည်း သိရပါတယ်။

ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း နဲ႕ Makro Myanmar တို႕နားလည္မႈစာခၽြန္လႊာေရးထိုး
ျမန္မာႏိုင္ငံသစ္သီးဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း နဲ႕ Makro Myanmar တို႕နားလည္မႈစာခၽြန္လႊာေရးထိုးပြဲကို မတ္လ(၁၀)ရက္ေန႕ကျပဳလုပ္က်င္းပခဲ့ ပါတယ္။
ျမန္မာႏိုင္ငံတြင္သစ္သီးဝလံႏွင့္ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်ေနေသာ ေတာင္သူမ်ား ေစ်းကြက္ပိုမိုရရွိေရးနဲ႕ ေရရွည္ဖြံ႕ၿဖိဳးေရးအတြက္ရည္ရြယ္ျပဳလုပ္တာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီး ဝလံပန္းမာန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွဥကၠဌဦးစိုးသန္းမင္းဒင္ကေျပာပါတယ္။
“Makro Myanmar နဲ႕ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ေဘးကင္းလံုၿခံဳစိတ္ခ်ရတဲ့ ဟင္းသီးဟင္းရြက္မ်ား နဲ႕သီးႏွံမ်ားစိုက္ပ်ိဳးထုတ္လုပ္မႈပိုမိုတုိးတက္လာေရးအတြက္ရည္ရြယ္ၿပီးလုပ္တာပါ”
Makro Myanmar နဲ႕ပူးေပါင္း၍ ျမန္မာ့ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားေရာင္းခ်ႏိုင္ေရးအတြက္ နားလည္မႈ စာခၽြန္လႊာေရးထိုးတာျဖစ္ပါတယ္လို႕ ျမန္မာ့ငရုတ္သီးေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအ သင္းမွ ဥကၠဌေဒၚဥမၼာေက်ာ္ကေျပာပါတယ္။
“Makro Myanmar ကေန ၿပီးေတာ့ ကုန္တိုက္လာေဆာက္မယ္။အဲဒီမွာ ျမန္မာ့စိုက္ပ်ိဳးေရးထြက္ကုန္ ေတြေရာင္းခ်သြားႏိုင္ဖုိ႕အတြက္ ပူးေပါင္းလုပ္ေဆာင္သြားဖို႕ပါ”
ေဒသခံေတာင္သူမ်ားရဲ႕ စိုက္ပ်ိဳးေရးက႑ ဖြံ႕ၿဖိဳးတိုးတက္လာေစေရး ၊ အဖြဲ႕အစည္းႏွစ္ခုအၾကား ေရရွည္အက်ိဳးေက်းဇူးျဖစ္ထြန္းလာေစေရးနဲ႕ ျပည္တြင္းထြက္ကုန္မ်ား ျဖန႔္ျဖဴးႏိုင္ေရးတို႔ကို ရည္႐ြယ္ျပဳလုပ္တာျဖစ္ေၾကာင္းလည္း သိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *