BREAKING NEWS

GAP ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ဖြင့် မြန်မာ့ဌက်ပျောကို စတင်ထုတ်လုပ်နေ

မြန်မာ့ဌက်ပျောကို GAP ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ဖြင့်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အတွက် စတင်ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံဌက်ပျော စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှသိရပါတယ်။
မြန်မာ့ဌက်ပျောကို GAP ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်နဲ့ စိုက်ပျိုးပြီး ဈေးကွက်ရ ရှိနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဌက်ပျောစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူ များအစုအဖွဲ့မှနည်းပညာနဲ့ဈေးကွက်ရှာဖွေရေး တာဝန်ခံ ဦးဒေါမနစ်ကပြောပါတယ်။
“GAP ထုတ်ကုန်စပြီးထုတ်ထားပါတယ်။ တောင်သူအယောက်(၂၀)လောက်နဲ့ စပြီးစိုက်တယ်။ လက်မှတ်ရပြီးတာနဲ့ လက်မှတ်ပေးရမယ့်တောင်သူတွေတော့ရှိ တယ်။ကျန်တာတွေက စိုက်ချိန် လွန်သွားလို့လက်မှတ်မရသေးတာ နည်းစနစ်မကျလို့လက်မှတ်မရတာ အဲဒါတွေလည်းရှိတယ်”
မြန်မာဌက်ပျောစိုက်တောင်သူအယောက်(၂၀)ဖြင့် GAP ထုတ်ကုန်ကိုစလုပ်နေကြောင်းလည်း အဆိုပါအစုအဖွဲ့မှသိရပါတယ်။
မြန်မာ့ဌက်ပျော GAP လက်မှတ်ရရှိသူ (၂)ဦးနဲ့ လက်မှတ်ပေးအပ်ရန် (၄)ဦးရှိပြီး စုစုပေါင်း (၆) ဦးသာရှိနေသေးကြောင်း မြန်မာနိုင်ငံဌက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ မှသိရ ပါတယ်။

GAP ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ျဖင့္ ျမန္မာ့ဌက္ေပ်ာကို စတင္ထုတ္လုပ္ေန
ျမန္မာ့ဌက္ေပ်ာကို GAP ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ျဖင့္စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ဖို႕ အတြက္ စတင္ထုတ္လုပ္ေနေၾကာင္း ျမန္မာႏိုင္ငံဌက္ေပ်ာ စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အစုအဖြဲ႕မွသိရပါတယ္။
ျမန္မာ့ဌက္ေပ်ာကို GAP ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္နဲ႕ စိုက္ပ်ိဳးၿပီး ေစ်းကြက္ရ ရွိႏိုင္ ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံဌက္ေပ်ာစိုက္ပ်ိဳးထုတ္ လုပ္တင္ပို႔ေရာင္းခ်သူ မ်ားအစုအဖြဲ႕မွနည္းပညာနဲ႕ေစ်းကြက္ရွာေဖြေရး တာဝန္ခံ ဦးေဒါမနစ္ကေျပာပါတယ္။
“GAP ထုတ္ကုန္စၿပီးထုတ္ထားပါတယ္။ ေတာင္သူအေယာက္(၂၀)ေလာက္နဲ႕ စၿပီးစိုက္တယ္။ လက္မွတ္ရၿပီးတာနဲ႕ လက္မွတ္ေပးရမယ့္ေတာင္သူေတြေတာ့ရွိ တယ္။က်န္တာေတြက စိုက္ခ်ိန္ လြန္သြားလို႕လက္မွတ္မရေသးတာ နည္းစနစ္မက်လို႕လက္မွတ္မရတာ အဲဒါေတြလည္းရွိတယ္”
ျမန္မာဌက္ေပ်ာစိုက္ေတာင္သူအေယာက္(၂၀)ျဖင့္ GAP ထုတ္ကုန္ကိုစလုပ္ေနေၾကာင္းလည္း အဆိုပါအစုအဖြဲ႕မွသိရပါတယ္။
ျမန္မာ့ဌက္ေပ်ာ GAP လက္မွတ္ရရွိသူ (၂)ဦးနဲ႕ လက္မွတ္ေပးအပ္ရန္ (၄)ဦးရွိၿပီး စုစုေပါင္း (၆) ဦးသာရွိေနေသးေၾကာင္း ျမန္မာႏိုင္ငံဌက္ေပ်ာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအစုအဖြဲ႕ မွသိရ ပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *