BREAKING NEWS

ကြက်သွန်နီဈေးနှုန်းကျဆင်းနေ

ယခုလက်ရှိ မြန်မာ့ကြက်သွန်နီဈေးနှုန်းများမှာ ကျဆင်းနေကြောင်းမြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက် သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ပြည်ပတင်ပို့မှုမှာနည်းနေပြီး ကြက်သွန်နီကုန်တင်ကားများ ဝင်ရောက်မှုများနေတဲ့အတွက်ဈေးနှုန်း ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိူး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“အခုလက်ရှိမှာ ပြည်ပနိုင်ငံကလည်းတင်ပို့မှုက နည်းနေတယ်။ ကုန်တင်ကားတွေကလည်း ဒီနေ့ ဆို နှစ်ဆလောက်ဝင်နေတာဆိုတော့ ဈေးနှုန်းကအေးပြီး ကျဆင်းနေတာပေါ့။Normal Trade ကဆို တင် ပို့မှုမရှိသလောက်ဖြစ်နေတာ”
နယ်အစုံမှ မြန်မာ့ကြက်သွန်နီကုန်တင်ကားများမှာ အစီးရေ(၆၀)ဝင်ရောက်မှုရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ကြက်သွန်နီဈေးနှုန်းများမှာ ကြက်သွန်နီအသေးတစ်ပိဿာကို ၆၀၀ ကျပ်နဲ့ ၆၅၀ ၊ ကြက်သွန် နီအကြီး တစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်ရှိနေပြီး တစ်ပိဿာကို ၂၀၀ကျပ် ကျဆင်းနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။

ၾကက္သြန္နီေစ်းႏႈန္းက်ဆင္းေန

ယခုလက္ရွိ ျမန္မာ့ၾကက္သြန္နီေစ်းႏႈန္းမ်ားမွာ က်ဆင္းေနေၾကာင္းျမန္မာႏိုင္ငံၾကက္သြန္နီ
၊ ၾကက္ သြန္ျဖဴႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဴးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ျပည္ပတင္ပို႕မႈမွာနည္းေနၿပီး ၾကက္သြန္နီကုန္တင္ကားမ်ား
ဝင္ေရာက္မႈမ်ားေနတဲ့အတြက္ေစ်းႏႈန္း က်ဆင္းေနတာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံၾကက္သြန္နီ
၊ ၾကက္သြန္ျဖဴႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဴး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ
ဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။

“အခုလက္ရွိမွာ ျပည္ပႏိုင္ငံကလည္းတင္ပို႕မႈက နည္းေနတယ္။
ကုန္တင္ကားေတြကလည္း ဒီေန႕ ဆို ႏွစ္ဆေလာက္ဝင္ေနတာဆိုေတာ့ ေစ်းႏႈန္းကေအးၿပီး က်ဆင္းေနတာေပါ့။Normal
Trade ကဆို တင္ ပို႕မႈမရွိသေလာက္ျဖစ္ေနတာ”

နယ္အစံုမွ ျမန္မာ့ၾကက္သြန္နီကုန္တင္ကားမ်ားမွာ အစီးေရ(၆၀)ဝင္ေရာက္မႈရွိေနေၾကာင္း
အဆိုပါအသင္းမွသိရပါတယ္။

ျမန္မာ့ၾကက္သြန္နီေစ်းႏႈန္းမ်ားမွာ ၾကက္သြန္နီအေသးတစ္ပိႆာကို
၆၀၀ က်ပ္နဲ႕ ၆၅၀ ၊ ၾကက္သြန္ နီအႀကီး တစ္ပိႆာကို ၈၀၀ က်ပ္ဝန္းက်င္ရွိေနၿပီး တစ္ပိႆာကို
၂၀၀က်ပ္ က်ဆင္းေနေၾကာင္း ျမန္မာႏိိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္စားဖုိေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ား
အသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *