မြန်မာ့ငရုတ် တရုတ်ကို တင်ပို့နိုင်ရေးစီစဉ်ဆောင်ရွက်နေ

ယခုလက်ရှိမှာ မြန်မာ့ငရုတ်ကို တရုတ်နိုင်ငံကိုတင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို ဈေးကောင်းရရှိပါက တရုတ်နိုင်ငံကိုတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာငရုတ်သီးဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှဥက္ကဌဒေါ်ဥမ္မာကျော်ကပါတယ်။
“ တရုတ်ကိုတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါတယ်။ အခုကတော့ ငရုတ်သီးဈေးနှုန်းက သိပ်မကောင်း သေး တဲ့အတွက်ပါ။ ဈေးကောင်းရတယ်ဆိုရင်တော့ တရုတ်ကိုတင်ပို့သွားမှာပါ။လက်ရှိမှာလည်း တရုတ်ကို တင်ပို့နေတာတွေလည်း ရှိကြပါတယ်”
မြန်မာ့ငရုတ်ကို ယိုးဒယား ၊ တရုတ်ကို တင်ပို့နေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ဈေးနှုန်းမှာ တစ်ပိဿာကို ၁၂၀၀ ဝန်းကျင်မှ ၈၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။

ျမန္မာ့ငရုတ္ တရုတ္ကို တင္ပို႔ႏိုင္ေရးစီစဥ္ေဆာင္ရြက္ေန
ယခုလက္ရွိမွာ ျမန္မာ့ငရုတ္ကို တရုတ္ႏိုင္ငံကိုတင္ပို႕ႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ျမန္မာငရုတ္သီးေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။
ျမန္မာ့ငရုတ္ကို ေစ်းေကာင္းရရွိပါက တရုတ္ႏိုင္ငံကိုတင္ပို႔သြားမွာျဖစ္တယ္လို႕ ျမန္မာငရုတ္သီးေစ်း ကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး ဥကၠဌေဒၚဥမၼာေက်ာ္ကေျပာပါတယ္။
“ တရုတ္ကိုတင္ပို႔ႏိုင္ဖို႕အတြက္ စီစဥ္ေနပါတယ္။ အခုကေတာ့ ငရုတ္သီးေစ်းႏႈန္းက သိပ္မေကာင္း ေသး တဲ့အတြက္ပါ။ ေစ်းေကာင္းရတယ္ဆိုရင္ေတာ့ တရုတ္ကိုတင္ပို႕သြားမွာပါ။လက္ရွိမွာလည္း တရုတ္ကို တင္ပို႕ေနတာေတြလည္း ရွိၾကပါတယ္”
ျမန္မာ့ငရုတ္ကို ယိုးဒယား ၊ တရုတ္ကို တင္ပို႕ေနတာျဖစ္ေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။
ျမန္မာ့ငရုတ္ေစ်းႏႈန္းမွာ တစ္ပိႆာကို ၁၂၀၀ ဝန္းက်င္မွ ၈၀၀ က်ပ္အထိ ေစ်းႏႈန္းရရွိေနေၾကာင္း ျမန္မာ့ငရုတ္သီးေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *