ဖရဲ ၊ သခွားကုန်တင်ကားအစီးရေ နေ့စဉ် (၃၀၀)ဝန်းကျင် တင်ပို့နေရ

မြန်မာ့ဖရဲ ၊ သခွားကုန်တင်ကားအစီးရေမှာ နေ့စဉ်အစီးရေ (၃၀၀)ဝန်းကျင် မူဆယ်(၁၀၅)မိုင်ဂိတ်ကို တင်ပို့နေရကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါ တယ်။
မြန်မာ့ဖရဲ ၊သခွားတွေက နေ့စဉ်ကတော့ ပုံမှန် အစီးရေ (၃၀၀)တင်ပို့နေရပေမယ့်လည်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် အစီးရေ (၁၀၀)သာ တရုတ်ကို ရောက်ရှိနေကြောင်းမြန်မာ နိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌ ဦးဆန်းလင်းက ပြောပါတယ်။
“ဖရဲ ၊ သခွားကားတွေကတော့ နေ့စဉ် မူဆယ်(၁၀၅)မိုင်ကိုသွားနေပါတယ်။ဒါပေမယ့် လမ်းပန်း ဆက် သွယ်ရေးအခက်တွေရှိနေတဲ့အတွက် အစီးရေ (၁၀၀)လောက်ပဲတရုတ်ကိုရောက်နေတော့ ကျန်တဲ့ အစီးရေ တွေက ပုံနေတော့ အခက်အခဲတွေတော့ရှိနေပါတယ်”
အခုလက်ရှိမှာမြန်မာ့ဖရဲထက် သခွားမွှေးကို ပိုမိုတင်ပို့နေရတာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါ တယ်။
မြန်မာ့ဖရဲ ၊ သခွားကို တရုတ်ပြည်ကိုအဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဖရဲ ၊ သခြားကုန္တင္ကားအစီးေရ ေန႕စဥ္ (၃၀၀)ဝန္းက်င္ တင္ပို႕ေနရ
ျမန္မာ့ဖရဲ ၊ သခြားကုန္တင္ကားအစီးေရမွာ ေန႕စဥ္အစီးေရ (၃၀၀)ဝန္းက်င္ မူဆယ္(၁၀၅)မိုင္ဂိတ္ကို တင္ပို႕ေနရေၾကာင္း ျမန္မာႏိုင္ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါ တယ္။
ျမန္မာ့ဖရဲ ၊သခြားေတြက ေန႕စဥ္ကေတာ့ ပံုမွန္ အစီးေရ (၃၀၀)တင္ပို႕ေနရေပမယ့္လည္း လမ္းပန္း ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ အစီးေရ (၁၀၀)သာ တရုတ္ကို ေရာက္ရွိေနေၾကာင္းျမန္မာ ႏိုင္ငံဖရဲ ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ ဒုတိယဥကၠဌ ဦးဆန္းလင္းက ေျပာပါတယ္။
“ဖရဲ ၊ သခြားကားေတြကေတာ့ ေန႕စဥ္ မူဆယ္(၁၀၅)မိုင္ကိုသြားေနပါတယ္။ဒါေပမယ့္ လမ္းပန္း ဆက္ သြယ္ေရးအခက္ေတြရွိေနတဲ့အတြက္ အစီးေရ (၁၀၀)ေလာက္ပဲတရုတ္ကိုေရာက္ေနေတာ့ က်န္တဲ့ အစီးေရ ေတြက ပံုေနေတာ့ အခက္အခဲေတြေတာ့ရွိေနပါတယ္”
အခုလက္ရွိမွာျမန္မာ့ဖရဲထက္ သခြားေမႊးကို ပိုမိုတင္ပို႕ေနရတာျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရပါ တယ္။
ျမန္မာ့ဖရဲ ၊ သခြားကို တရုတ္ျပည္ကိုအဓိကထားတင္ပို႕ေနတာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဖရဲ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *