BREAKING NEWS

သီးနှံဘေးအန္တရာယ်ကင်းရှင်း၍ဈေးကွက်အခွင့်အလမ်းကောင်းများရရှိရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

သီးနှံဘေးအန္တရာယ်ကင်းရှင်း၍ဈေးကွက်အခွင့်အလမ်း ကောင်းများရရှိရေးအလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ မှာ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC)မှာ ကျင်းပ ပြုလုပ်တာဖြစ်ပါတယ်။
GAP သီးနှံများဈေးကွက်ခိုင်ခိုင်မာမာရရှိရေးနဲ့အော်ဂဲနစ်စံချိန်စံညွှန်းများထွက်ရှိလာနိုင်ရေးအတွက် ရည် ရွယ်ကာပြုလုပ်ကျင်းပတာဖြစ်တယ်လို့ ပွဲတက်ရောက်လာသူ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
အဆိုပါအလုပ်ရုံအခမ်းအနားမှာ GAP လက်မှတ်ပေးခြင်းနဲ့ အော်ဂဲနစ်စံချိန်စံညွှန်းနဲ့အညီ ရေးဆွဲတာတွေကို ထပ်မံဆွေးနွေးလုပ်ဆောင်သွားရန် စီစဉ်နေတာဖြစ်တယ်လို့လည်း အဆိုပါ ဌာနမှသိရပါတယ်။
အဆိုပါပွဲကို စိုက်ပျိုးရေးဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးစိုက်မွေးကော်မတီ နဲ့သက်ဆိုင်ရာဌာနများ မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *