တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၂၀၀)လှူဒါန်းခဲ့

လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခြေအနေများကြောင့် မြန်မာနိုင်ငံကနေ ဆန်တန်ချိန်(၂၀၀)ကို မတ်လ(၁)ရက်နေ့က လှူဒါန်းခဲ့တာဖြစ်ကြောင်း Myanmar Foreign Affairs Myanmarရဲ့ လူမှုကွန်ယက်စာမျက်နှာမှသိရပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးကိုအလေးအနက် ထားတဲ့အနေနဲ့ ဧည့်မထ (၂၅% Well Milled )ဆန်တန်ချိန် (၂၀၀)ပေးအပ်လှူဒါန်းခဲ့တာဖြစ် ကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှဒုတိယဝန်ကြီး ဦးအောင် ထူး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai နဲ့သက်ဆိုင် ရာဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။
ဧည့်မထ (၂၅% Well Milled )ဆန်တန်ချိန် (၂၀၀) ကိုလည်း မြန်မာနိုင်ငံမှ မူဆယ် ၊ ကျယ်ဂေါင်နယ် စပ်ဂိတ်မှတစ်ဆင့် ဟူပေမြို့နယ်ရှိ မြို့နယ်(၁၇)ခုကို ပေးပို့လှူဒါန်သွားမှာဖြစ်ကြောင်းသိရပါတယ်။

တရုတ္ျပည္သူ႕သမၼတႏိုင္ငံကို ျမန္မာႏိုင္ငံမွ ဆန္တန္ခ်ိန္ (၂၀၀)လွဴဒါန္းခဲ့
လက္ရွိျဖစ္ေပၚေနတဲ့ တရုတ္ျပည္သူ႕သမၼတႏိုင္ငံက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါအေျခအေနမ်ားေၾကာင့္ ျမန္မာႏိုင္ငံကေန ဆန္တန္ခ်ိန္(၂၀၀)ကို မတ္လ(၁)ရက္ေန႕က လွဴဒါန္းခဲ့တာျဖစ္ေၾကာင္း Myanmar Foreign Affairs Myanmarရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွသိရပါတယ္။
ျမန္မာႏိုင္ငံနဲ႕ တရုတ္ျပည္သူ႕သမၼတႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈျမွင့္တင္ေရးကိုအေလးအနက္ ထားတဲ့အေနနဲ႕ ဧည့္မထ (၂၅% Well Milled )ဆန္တန္ခ်ိန္ (၂၀၀)ေပးအပ္လွဴဒါန္းခဲ့တာျဖစ္ ေၾကာင္း သိရပါတယ္။
အဆိုပါအခမ္းအနားကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန မွဒုတိယဝန္ႀကီး ဦးေအာင္ ထူး ၊ ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္ျပည္သူ႕သမၼတႏိုင္ငံသံအမတ္ႀကီး H.E. Mr.Chen Hai နဲ႕သက္ဆိုင္ ရာဌာနမ်ားမွတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။
ဧည့္မထ (၂၅% Well Milled )ဆန္တန္ခ်ိန္ (၂၀၀) ကိုလည္း ျမန္မာႏိုင္ငံမွ မူဆယ္ ၊ က်ယ္ေဂါင္နယ္ စပ္ဂိတ္မွတစ္ဆင့္ ဟူေပၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္(၁၇)ခုကို ေပးပို႕လွဴဒါန္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *