မြန်မာ့စပါးစံချိန်စံညွှန်း ထွက်ရှိနိုင်ရန် ဆောင်ရွက်နေ

မြန်မာ့စပါးစံချိန်စံညွှန်း ထွက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနဲ့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
သက်ဆိုင်ရာဌာနများမှတစ်ဆင့်ကြေညာချက်ထုတ်ပြန်ပေးပြီး ညှိနှိုင်းဆွေးနွေးမှုများနဲ့ စပါးစံချိန်စံ ညွှန်းများထွက်ရှိလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ စပါးစံချိန်စံညွှန်းကို မူလစံချိန်စံညွှန်းထဲမှာ ထည့်သွင်းရေးဆွဲသွားမယ်။ သက်ဆိုင်ရာဌာနတွေကို လည်း အကြောင်းကြားထားပါတယ်။ ပြန်လည်ညှိနှိုင်းသွားမယ်။ အခု သက်ဆိုင်ရာဌာနကနေ အမိန့် ကြော်ငြာစာထွက်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်”
အခုလက်ရှိမှာ မြန်မာ့စပါးစံချိန်စံညွှန်း ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တင်ပြ သွားမှာဖြစ်ကြောင်းလည်းအဆိုပါအသင်းချုပ်မှသိရပါတယ်။
မြန်မာ့စပါးစံချိန်စံညွှန်းထွက်ရှိနိုင်ရေးအတွက် International Finance Corporation နဲ့ ပူးပေါင်းေ ဆာင်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

ျမန္မာ့စပါးစံခ်ိန္စံညႊန္း ထြက္ရွိႏိုင္ရန္ ေဆာင္ရြက္ေန
ျမန္မာ့စပါးစံခ်ိန္စံညႊန္း ထြက္ရွိႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားနဲ႕ ေဆြးေႏြးညိွႏိႈင္းမႈမ်ား ေဆာင္ ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။
သက္ဆိုင္ရာဌာနမ်ားမွတစ္ဆင့္ေၾကညာခ်က္ထုတ္ျပန္ေပးၿပီး ညိွႏိႈင္းေဆြးေႏြးမႈမ်ားနဲ႕ စပါးစံခ်ိန္စံ ညႊန္းမ်ားထြက္ရွိလာႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္မႈမ်ားလုပ္ေဆာင္သြားမွာျဖစ္တယ္လို႕ ျမန္မာ ႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ကေျပာပါတယ္။
“ စပါးစံခ်ိန္စံညႊန္းကို မူလစံခ်ိန္စံညႊန္းထဲမွာ ထည့္သြင္းေရးဆြဲသြားမယ္။ သက္ဆိုင္ရာဌာနေတြကို လည္း အေၾကာင္းၾကားထားပါတယ္။ ျပန္လည္ညိွႏိႈင္းသြားမယ္။ အခု သက္ဆိုင္ရာဌာနကေန အမိန္႕ ေၾကာ္ၿငာစာထြက္ဖို႕စီစဥ္ေဆာင္ရြက္ေနပါတယ္”
အခုလက္ရွိမွာ ျမန္မာ့စပါးစံခ်ိန္စံညႊန္း ကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကို တင္ျပ သြားမွာျဖစ္ေၾကာင္းလည္းအဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။
ျမန္မာ့စပါးစံခ်ိန္စံညႊန္းထြက္ရွိႏိုင္ေရးအတြက္ International Finance Corporation နဲ႕ ပူးေပါင္းေ ဆာင္ျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *