စိုက်ပျိုးရေးဆွေးနွေးပွဲနှင့် စီးပွားရေးပူးပေါင်းဖလှယ်ပွဲကျင်းပ

စိုက်ပျိုးရေးဆွေးနွေးပွဲနဲ့စီးပွားရေးပူးပေါင်းဖလှယ်ပွဲကိုဒီကနေ့မှာ ပြုလုပ်ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။
မြန်မာပြည်မှ ပန်းစိုက်တောင်သူများအတွက် ဂျပန်နိုင်ငံ JETRO မှ နည်းပညာနဲ့မျိုးစေ့များကို ထောက်ပံ့ကာ ပန်းကဏ္ဍပူးပေါင်းနိုင်ရေးအတွက် ပြုလုပ်တာဖြစ်တယ်လို့ အဆိုပါပွဲကို တက်ရောက် ခဲ့သူ ဦးဆန်းလင်းကပြောပါတယ်။
“ အဓိကကတော့ မြန်မာပြည်ကပန်းစိုက်တောင်သူတွေကို နည်းပညာနဲ့ မျိုးစေ့တွေ ကူညီထောက်ပံ့ ပေးမယ်။ အရည်အသွေးမြင့်ပန်းတွေစိုက်ပျိုးနိုင်ပြီး ဈေးကွက်ကောင်းကောင်းရရှိနိုင်ရေးအတွက် ပူး ပေါင်းဖလှယ်တဲ့ပွဲလေးတစ်ခုပါ”
မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မေမြို့မှာစတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။
တောင်သူလယ်သမားများအတွက် ဂျပန်နိုင်ငံ JETRO မှ နည်းပညာများသင်ကြားပေးခြင်း၊ စိုက်ခင်း များ လေ့လာခြင်း ၊ အရည်အသွေးမြင့်ပန်းများစိုက်ပျိုးနိုင်ခြင်း ၊ ဈေးကွက်တွင်ပန်းများကို ဈေးကောင်း နဲ့ရောင်းနိုင်ခြင်း ၊ မြန်မာ့ပန်းများကိုနိုင်ငံခြားသို့ တင်ပို့နိုင်ရေးနဲ့ နိုင်ငံခြားဝင်ငွေရရှိနိုင် ရေး တို့ကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ JETRO အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်းသိရပါတယ်။

စိုက္ပ်ိဳးေရးေဆြးေႏြးပြဲႏွင့္ စီးပြားေရးပူးေပါင္းဖလွယ္ပြဲက်င္းပ
စိုက္ပ်ိဳးေရးေဆြးေႏြးပြဲနဲ႕စီးပြားေရးပူးေပါင္းဖလွယ္ပြဲကိုဒီကေန႕မွာ ျပဳလုပ္က်င္းပတာျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာျပည္မွ ပန္းစိုက္ေတာင္သူမ်ားအတြက္ ဂ်ပန္ႏိုင္ငံ JETRO မွ နည္းပညာနဲ႕မ်ိဳးေစ့မ်ားကို ေထာက္ပံ့ကာ ပန္းက႑ပူးေပါင္းႏိုင္ေရးအတြက္ ျပဳလုပ္တာျဖစ္တယ္လို႕ အဆိုပါပြဲကို တက္ေရာက္ ခဲ့သူ ဦးဆန္းလင္းကေျပာပါတယ္။
“ အဓိကကေတာ့ ျမန္မာျပည္ကပန္းစိုက္ေတာင္သူေတြကို နည္းပညာနဲ႕ မ်ိဳးေစ့ေတြ ကူညီေထာက္ပံ့ ေပးမယ္။ အရည္အေသြးျမင့္ပန္းေတြစိုက္ပ်ိဳးႏိုင္ၿပီး ေစ်းကြက္ေကာင္းေကာင္းရရွိႏိုင္ေရးအတြက္ ပူး ေပါင္းဖလွယ္တဲ့ပြဲေလးတစ္ခုပါ”
ျမန္မာ့ပန္းက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေမၿမိဳ႕မွာစတင္အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း သိရပါ တယ္။
ေတာင္သူလယ္သမားမ်ားအတြက္ ဂ်ပန္ႏိုင္ငံ JETRO မွ နည္းပညာမ်ားသင္ၾကားေပးျခင္း၊ စိုက္ခင္း မ်ား ေလ့လာျခင္း ၊ အရည္အေသြးျမင့္ပန္းမ်ားစိုက္ပ်ိဳးႏိုင္ျခင္း ၊ ေစ်းကြက္တြင္ပန္းမ်ားကို ေစ်းေကာင္း နဲ႕ေရာင္းႏိုင္ျခင္း ၊ ျမန္မာ့ပန္းမ်ားကိုႏိုင္ငံျခားသို႕ တင္ပို႕ႏိုင္ေရးနဲ႕ ႏိုင္ငံျခားဝင္ေငြရရွိႏိုင္ ေရး တို႕ကို အေကာင္အထည္ေဖာ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ျမန္မာ့ပန္းက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဂ်ပန္ႏိုင္ငံ JETRO အဖြဲ႕အစည္းနဲ႕ပူးေပါင္းေဆာင္ရြက္ သြားမွာျဖစ္ေၾကာင္းသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *