မြန်မာ့ဆန်စံချိန်စံညွှန်း ထွက်ရှိလာရေးအတွက် စီစဉ်ဆောင်ရွက်နေ

မြန်မာ့ဆန်စံချိန်စံညွှန်း ထွက်ရှိလာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနဲ့အတူပူးပေါင်းဆောင်ရွက် ကာစီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
အခုလထဲမှာလည်း သက်ဆိုင်ရာဌာနများနဲ့ ဆွေးနွေးညှိနှိုင်းပြီး ထုတ်ပြန်ချက်များနဲ့ ဆွေးနွေး ညှိနှိုင်း မှုများလုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ဆန်စံချိန်စံညွှန်း သက်ဆိုင်ရာဌာနတွေနဲ့ ဒီလထဲမှာဆွေးနွေးထားတာတွေရှိတယ်။ အဲဒီကနေမှ တစ်ဆင့်ပညာရှင်တွေ ခေါ်ယူဆွေးနွေးမယ်။ ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာ့ဆန်စံချိန်စံညွှန်း ထွက်ရှိလာဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်”
မြန်မာ့စပါးစံချိန်စံညွှန်းထွက်ရှိလာရေးအတွက်လည်း သက်ဆိုင်ရာဌာနများနဲ့ စီစဉ်ဆောင်ရွက်နေ တာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
မြန်မာ့ဆန်စပါးစံချိန်စံညွှန်းထွက်ရှိလာရေးအတွက်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ International Finance Corporation တို့မှပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း အဆိုပါ အသင်းချုပ်မှသိရပါတယ်။






Leave a Reply

Your email address will not be published. Required fields are marked *