BREAKING NEWS

မြန်မာ့အစေ့ထုတ်ပြောင်း ထိုင်းနိုင်ငံကိုတင်ပို့လျက်ရှိ

မြန်မာ့အစေ့ထုတ်ပြောင်းကို တစ်နေ့လျှင် ထိုင်းနိုင်ငံကို ကားအစီး(၄၀၀)တင်ပို့လျက်ရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။
အခုလက်ရှိမှာ မြန်မာ့အစေ့ထုတ်ပြောင်းကို ပုံမှန်တင်ပို့နေတာဖြစ်ပြီး ကားအစီး(၄၀၀)ဝန်းကျင်တင် ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။
“အစေ့ထုတ်ပြောင်းကို အခုဒီလဆန်းကနေစပြီးတင်ပို့နေတာပါ။ တစ်နေ့ကိုအစီး(၄၀၀)လောက် တော့ သွားနေပါတယ်။တန်ချိန်(၁)သန်းလောက်တော့ တင်ပို့မယ်လို့မျှော်မှန်းထားပါတယ်”
မြန်မာ့အစေ့ထုတ်ပြောင်းကို ဖေဖေါ်ဝါရီ(၁)ရက်နေ့မှ စတင်တင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်ထိ ကားအစီးရေ (၉၆၀၀)တင်ပို့ပြီးပြီဖြစ်ကြောင်းလည်းအဆိုပါအသင်းမှသိရပါတယ်။
ထိုင်းနိုင်ငံမှ မြန်မာ့အစေ့ထုတ်ပြောင်းကို ၁.၂၅ တန်ဝယ်ယူရန်ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင် ငံပြောင်းလုပ်ငန်းအသင်းမှသိရပါတယ်။

ျမန္မာ့အေစ့ထုတ္ေျပာင္း ထိုင္းႏိုင္ငံကိုတင္ပို႕လ်က္ရွိ
ျမန္မာ့အေစ့ထုတ္ေျပာင္းကို တစ္ေန႕လွ်င္ ထိုင္းႏိုင္ငံကို ကားအစီး(၄၀၀)တင္ပို႕လ်က္ရွိေနတယ္လို႕ ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွသိရပါတယ္။
အခုလက္ရွိမွာ ျမန္မာ့အေစ့ထုတ္ေျပာင္းကို ပံုမွန္တင္ပို႕ေနတာျဖစ္ၿပီး ကားအစီး(၄၀၀)ဝန္းက်င္တင္ ပို႕ေနတာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွ ဥကၠဌ ဦးမင္းခိုင္ကေျပာပါတယ္။
“အေစ့ထုတ္ေျပာင္းကို အခုဒီလဆန္းကေနစၿပီးတင္ပို႕ေနတာပါ။ တစ္ေန႕ကိုအစီး(၄၀၀)ေလာက္ ေတာ့ သြားေနပါတယ္။တန္ခ်ိန္(၁)သန္းေလာက္ေတာ့ တင္ပို႕မယ္လို႕ေမွ်ာ္မွန္းထားပါတယ္”
ျမန္မာ့အေစ့ထုတ္ေျပာင္းကို ေဖေဖၚဝါရီ(၁)ရက္ေန႕မွ စတင္တင္ပို႔ေနတာျဖစ္ၿပီး အခုလက္ရွိအခ်ိန္ထိ ကားအစီးေရ (၉၆၀၀)တင္ပို႕ၿပီးၿပီျဖစ္ေၾကာင္းလည္းအဆိုပါအသင္းမွသိရပါတယ္။
ထိုင္းႏိုင္ငံမွ ျမန္မာ့အေစ့ထုတ္ေျပာင္းကို ၁.၂၅ တန္ဝယ္ယူရန္ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။
ျမန္မာ့အေစ့ထုတ္ေျပာင္းကို ထိုင္းႏိုင္ငံနဲ႕တရုတ္ႏိုင္ငံကို တင္ပို႕ေနတာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ ငံေျပာင္းလုပ္ငန္းအသင္းမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *