BREAKING NEWS

မြန်မာ့စိန်တစ်လုံးသရက်ကို ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချသွားမည်

မြန်မာ့စိန်တစ်လုံးသရက်သီးကို ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း N T Star ကုမ္ပဏီမှ သိရပါတယ်။
စိန်တစ်လုံးသရက်သီးတင်ပို့နိုင်ရန်အတွက် သရက်သီးခြံများကို ကွင်းဆင်းလိုက်လံဝယ်ယူမှုများ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်ပနိုင်ငံများက ကမ်းလှမ်းသလောက်တင်ပို့သွားမှာဖြစ်တယ်လို့ N T Star ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ စိန်တစ်လုံးသရက်သီးကို သရက်ခြံတွေမှာ လိုက်လံဝယ်ယူတာတွေပြုလုပ်သွားမယ်။ကွင်းဆင်းပြီး ကြည့်တဲ့သရက်ခြံတွေတော့ ကြည့်ပြီးသွားပြီ။အခုက အကင်းလေးတွေပဲရှိနေသေးတာဆိုတော့။ စိန်တစ်လုံးတင်မဟုတ်ပါဘူး။အခြားသရက်တွေပါတင် ပို့ပေးသွားမှာပါ။ဟိုဘက်ကမှာရင် မှာသ လောက်တင်ပို့သွားမယ်”
စိန်တစ်လုံးသရက်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ စင်ကာပူ ၊ ဟောင်ကောင် ၊ ထိုင်ဝမ်နဲ့အခြားပြည်ပ ဈေးကွက်နိုင်ငံများကိုပါတင်ပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့စိန်တစ်လုံးသရက်သီးများဝယ်ယူရာမှာလည်း မူဆယ်ပေါက်ဈေးနှုန်းအတိုင်း ပေးသွားမှာဖြစ် တယ်လို့လည်း N T Star ကုမ္ပဏီမှသိရပါတယ်။

ျမန္မာ့စိန္တစ္လံုးသရက္ကို ျပည္ပႏိုင္ငံမ်ားကို တင္ပို႔ေရာင္းခ်သြားမည္
ျမန္မာ့စိန္တစ္လံုးသရက္သီးကို ျပည္ပႏိုင္ငံမ်ားကို တင္ပို႕ေရာင္းခ်သြားမွာျဖစ္ေၾကာင္း N T Star ကုမၸဏီမွ သိရပါတယ္။
စိန္တစ္လံုးသရက္သီးတင္ပို႕ႏိုင္ရန္အတြက္ သရက္သီးျခံမ်ားကို ကြင္းဆင္းလိုက္လံဝယ္ယူမႈမ်ား ျပဳလုပ္သြားမွာျဖစ္ၿပီး ျပည္ပႏိုင္ငံမ်ားက ကမ္းလွမ္းသေလာက္တင္ပို႕သြားမွာျဖစ္တယ္လို႕ N T Star ကုမၸဏီမွ ဒါရိုက္တာ ေဒၚဥမၼာေက်ာ္ကေျပာပါတယ္။
“ စိန္တစ္လံုးသရက္သီးကို သရက္ျခံေတြမွာ လိုက္လံဝယ္ယူတာေတြျပဳလုပ္သြားမယ္။ကြင္းဆင္းၿပီး ၾကည့္တဲ့သရက္ၿခံေတြေတာ့ ၾကည့္ၿပီးသြားၿပီ။အခုက အကင္းေလးေတြပဲရွိေနေသးတာဆိုေတာ့။ စိန္တစ္လံုးတင္မဟုတ္ပါဘူး။အျခားသရက္ေတြပါတင္ ပို႕ေပးသြားမွာပါ။ဟိုဘက္ကမွာရင္ မွာသ ေလာက္တင္ပို႕သြားမယ္”
စိန္တစ္လံုးသရက္ကို ျပည္ပႏိုင္ငံမ်ားျဖစ္တဲ့ စင္ကာပူ ၊ ေဟာင္ေကာင္ ၊ ထုိုင္ဝမ္နဲ႕အျခားျပည္ပ ေစ်းကြက္ႏိုင္ငံမ်ားကိုပါတင္ပို႕သြားမွာျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာ့စိန္တစ္လံုးသရက္သီးမ်ားဝယ္ယူရာမွာလည္း မူဆယ္ေပါက္ေစ်းႏႈန္းအတိုင္း ေပးသြားမွာျဖစ္ တယ္လို႕လည္း N T Star ကုမၸဏီမွသိရပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *