ဖရဲ၊သခွားပြည်ပတင်ပို့မှု (၉၀) ရာ ခိုင်နှုန်းကျဆင်း

မြန်မာ့ဖရဲ ၊သခွားပြည်ပတင်ပို့မှုမှာ အခုလက်ရှိအချိန်ထိ (၉၀)ရာခိုင်နှုန်းကျဆင်းနေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲ ၊ သခွားမှာပြည်တွင်းမှာ ထွက်ရှိချိန်ဖြစ်နေသော်လည်း ပြည်ပကိုတင်ပို့မှုမှာအနည်းငယ် သာသွားနေပြီး (၉၀)ရာခိုင်းနှုန်းလောက်တင်ပို့မှုကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌဦးဆန်းလင်းကပြောပါတယ်။
“အခုလက်ရှိမှာ ဖရဲသီးရော ၊သခွားသီးရောက ရာသီချိန်ဖြစ်နေတာကြောင့် အမြောက်အမြား ထွက် ပေါ်နေတာဖြစ်တယ်။ ပြည်ပကိုမသွား တာတော့မဟုတ်ဘူး။အနည်းအကျဉ်းလောက်ပဲသွားနေတာပါ။ ပြည်ပတင်ပို့မှုက (၉၀)ရာခိုင်နှုန်းလောက်ကျသွားတယ်”
မြန်မာ့ဖရဲကို တရုတ်ကိုအဓိကထားတင်ပို့နေတာဖြစ်ပြီး အခုလက်ရှိမှာ ဖရဲ၊သခွားအနည်းငယ်သာ တင်ပို့နေရတာဖြစ်ကြောင်းအဆိုပါအသင်းမှသိရပါတယ်။
အခုလ(၂၉)ရက်နေ့မှစတင်ကာ(၅)ရက်ကြာ ပထမအကြိမ် မြန်မာဖရဲ၊သခွားမွှေးပွဲတော်ကို မြေပဒေ သာကျွန်း ၊ ကန်တော်ကြီးထဲမှာ ကျင်းပ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ ၊သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း မှသိရ ပါတယ်။

ဖရဲ၊သခြားျပည္ပတင္ပို႕မႈ (၉၀)ရာခိုင္ႏႈန္းက်ဆင္း
ျမန္မာ့ဖရဲ ၊သခြားျပည္ပတင္ပို႕မႈမွာ အခုလက္ရွိအခ်ိန္ထိ (၉၀)ရာခိုင္ႏႈန္းက်ဆင္းေနတာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဖရဲ ၊သခြားစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။
ျမန္မာ့ဖရဲ ၊ သခြားမွာျပည္တြင္းမွာ ထြက္ရွိခ်ိန္ျဖစ္ေနေသာ္လည္း ျပည္ပကိုတင္ပို႕မႈမွာအနည္းငယ္ သာသြားေနၿပီး (၉၀)ရာခိုင္းႏႈန္းေလာက္တင္ပို႕မႈက်ဆင္းေနတာျဖစ္တယ္လို႕ ျမန္မာႏုိင္ငံဖရဲ ၊သခြား စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ ဒုတိယဥကၠဌဦးဆန္းလင္းကေျပာပါတယ္။
“အခုလက္ရွိမွာ ဖရဲသီးေရာ ၊သခြားသီးေရာက ရာသီခ်ိန္ျဖစ္ေနတာေၾကာင့္ အေျမာက္အျမား ထြက္ ေပၚေနတာျဖစ္တယ္။ ျပည္ပကိုမသြား တာေတာ့မဟုတ္ဘူး။အနည္းအက်ဥ္းေလာက္ပဲသြားေနတာပါ။ ျပည္ပတင္ပို႕မႈက (၉၀)ရာခိုင္ႏႈန္းေလာက္က်သြားတယ္”
ျမန္မာ့ဖရဲကို တရုတ္ကိုအဓိကထားတင္ပို႕ေနတာျဖစ္ၿပီး အခုလက္ရွိမွာ ဖရဲ၊သခြားအနည္းငယ္သာ တင္ပို႕ေနရတာျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရပါတယ္။
အခုလ(၂၉)ရက္ေန႕မွစတင္ကာ(၅)ရက္ၾကာ ပထမအႀကိမ္ ျမန္မာဖရဲ၊သခြားေမႊးပြဲေတာ္ကို ေျမပေဒ သာကၽြန္း ၊ ကန္ေတာ္ႀကီးထဲမွာ က်င္းပ သြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဖရဲ ၊သခြားစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း မွသိရ ပါတယ္။





Leave a Reply

Your email address will not be published. Required fields are marked *